- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရွှေဈေးနှုန်း အဆမတန်မြင့်တက်လာသည့်အတွက် ရွှေပေါင်သူများပြား
NUG အစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရေးပေါ်အခြေအနေကြေညာသည့် စက်တင်ဘာလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံ၏ရွှေဈေးကွက်တွင် ရွှေဈေးနှုန်းအဆမတန်မြင့်မားလာပြီး ၁၆ ပဲ တစ်ကျပ်လျှင် ငွေကျပ် ၁၈ သိန်းအထိ စံချိန်တင်မြင့်တက်လာခဲ့သည်။
08 Sep 2021
DMG ၊ စက်တင်ဘာ ၈
NUG အစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရေးပေါ်အခြေအနေကြေညာသည့် စက်တင်ဘာလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံ၏ရွှေဈေးကွက်တွင် ရွှေဈေးနှုန်းအဆမတန်မြင့်မားလာပြီး ၁၆ ပဲ တစ်ကျပ်လျှင် ငွေကျပ် ၁၈ သိန်းအထိ စံချိန်တင်မြင့်တက်လာခဲ့သည်။
ယင်းသို့ ရွှေဈေးမြင့်တက်လာသည့်အတွက် ဝယ်လိုအား နည်းပြီး ရွှေပေါင်သူများလာကြောင်း ရွှေဆိုင်ပိုင်ရှင်များက ပြောသည်။
လက်ရှိမှာ ရွှေဈေးနှုန်းမြင့်မားလာကာ ဝယ်လိုအားနည်းပါးသွားသည့်အတွက် အပေါင်ခံသူများသာ များပြားလာခြင်းဖြစ်ကြောင်း စစ်တွေမြို့၊ မင်းဂံရပ်ကွက် အမေ့အိမ်ရွှေဆိုင်ပိုင်ရှင်ကပြောသည်။
“ဝယ်လိုအားက နည်းသွားပါတယ်။ အရင်ကနဲ့ဆိုရင် သုံးပုံတစ်ပုံလောက်လျော့သွားပါတယ်။ အခုချိန်မှာဝန်ပေါင်တဲ့ဟာတွေ များမှာပေါ့၊ အခုကအရောင်းအဝယ်ကတော့ နည်းနည်းဖြစ်သေး ပါတယ်”ဟု ဆိုသည်။
တဖက်တွင်လည်း ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်လာသည့်အတွက် ဝယ်ယူသူလုံးဝနည်းပါးသွားခြင်းမဟုတ်ဘဲ ရွှေဝယ်ယူမှု အနည်းငယ်ရှိနေသေးကြောင်းလည်း သိရသည်။
သိဒ္ဓိအောင်ရွှေဆိုင်မှ ကိုမျိုးမျိုးက အရောင်းအဝယ်ပိုင်းတွင် ကိုဗစ်ကြောင့် လူအရောက်ပါနည်းပါးကြောင်းဆိုသည်။
“အရောင်းအဝယ်ပါးပါတယ်၊ အဝယ်လည်းပါးတယ်။ လူအရောက်လည်းနည်းပါတယ်။ အပေါင်လာတဲ့လူတွေကလည်းနည်းတယ်၊ အခုက နယ်တွေကလည်းမထွက်ကြဘူး။ အဲဒါကြောင့် လူလည်းအရောက်နည်းတယ်”ဟု ဆိုသည်။
ယခုကဲ့သို့ ရွှေဈေးနှုန်းတက်လာသည့်အတွက် ကုန်စည်ဈေးနှုန်းမြင့်တက်လာနိုင်ကြောင်း ရခိုင်စီးပွားရေးဦးဆောင်အများပိုင်ကုမ္မဏီလီမီတက်မှ မန်နေဂျာ ဦးခင်မောင်ကြီးကပြောသည်။
“အကြမ်းအားဖြင့်ပြောရရင် ကုန်ဈေးနှုန်းက တက်မယ့်အခြေအနေရှိပါမယ်။ ကုန်ဈေးနှုန်းတက်လာမှာက အဓိကဖြစ်နေတာက ငွေကြေးကိုစိတ်မချတာပေါ့၊ ကျပ်ငွေတွေကို စိတ်မချတာကြောင့်ရွှေဝယ်တယ်။ ဒေါ်လာဝယ်တယ်။ ဆိုတော့ရွှေဈေးတွေ၊ဒေါ်လာဈေးတွေမြင့်တက်လာတယ်ပေါ့” ဟု ဆိုသည်။
၁၆ ပဲရည် ရွှေတစ်ကျပ်ကို စက်တင်ဘာလ ၇ ရက်နေ့တွင် ငွေကျပ် ၁၇၉၀၀၀၀ သောင်းထိ မြင့်တက်သွားခြင်းဖြစ်သည်။ လက်ရှိတွင် ရန်ကုန်၌လည်း ရွှေဈေးကွက်များ လုံးဝပိတ်နေသည့် အနေအထား ရှိနေကြောင်းလည်း သိရသည်။