- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မောင်တောခရိုင်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသူ ၁၃ ဦးအား လဝကဥပဒေဖြင့် အရေးယူ
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းသို့ ဘင်္ဂလားဒေရ်ှ့နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသည့် မွတ်ဆလင် ၁၃ ဦးအား လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃(၁)ဖြင့် သက်ဆိုင်ရာတရားရုံးအသီးသီးက ထောင်ဒဏ် ၆ လစီ အမိန့်ချမှတ်လိုက်ကြောင်း မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။
18 Jul 2020
ကျော်မျိုးအောင် | DMG
ဇူလိုင် ၁၈ ၊ မောင်တော
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းသို့ ဘင်္ဂလားဒေရ်ှ့နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသည့် မွတ်ဆလင် ၁၃ ဦးအား လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃(၁)ဖြင့် သက်ဆိုင်ရာတရားရုံးအသီးသီးက ထောင်ဒဏ် ၆ လစီ အမိန့်ချမှတ်လိုက်ကြောင်း မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။
“ဒုတိယအကြိမ် အရေးယူတာဖြစ်တယ်။ ခရိုင်တစ်ခုလုံးမှာ ၁၃ ဦး၊ မောင်တောမှာ ၅ ဦး၊ ဘူးသီးတောင်မှ ၈ ဦး ဖြစ်တယ်။ သက်ဆိုင်မြို့နယ်တရားရုံးတွေက ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်တာ”ဟု အဆိုပါဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထိန်လင်းက ရှင်းပြသည်။
၎င်းတို့ ၁၃ ဦးကို မတရားဝင်ရောက်မှုအား ကာကွယ်တားဆီးရေးအဖွဲ့(မကဖ)မှ အမှုဖွင့်လှစ်ပြီး ဇူလိုင်လ ၆ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း၌ သက်ဆိုင်ရာမြို့နယ်တရားရုံးများက ယင်းသို့ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အလားတူ ကပ်ဘေးကာလအတွင်း မောင်တောခရိုင်အတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက် လာသူ ၂၃ ဦးကိုလည်း ပထမအကြိမ်အဖြစ် ဇွန်လနှင့် ဇူလိုင်လဆန်းပိုင်းအတွင်းက လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃(၁)၊ ၁၃(၅)တို့ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် ၆ လစီ အမိန့်ချမှတ်ခဲ့သည်။
ကိုဗစ်-၁၉ ကာလအတွင်း ပြန်လည်လက်ခံရေးအစီအစဉ်များကို ပိတ်ထားစဉ် နယ်စပ်ဖြတ်ကျော် တရားမဝင် ဝင်ရောက်လာသူဦးရေ ၈၀ ကျော်ထဲမှ ကလေးသူငယ်များနှင့် UEHRDအစီအစဉ်တွင် စာရင်းပါရှိသူများအား ဖယ်ထုတ်ကာ ကျန်လူများကို အရေးယူဆောင်ရွက်နေခြင်းဖြစ်သည်။