- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရမ်းဗြဲမြို့နယ်တွင် အမျိုးအဆွေရွာလည်ပွဲ စည်ကားစွာကျင်းပ
ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့၊ ရမ်းပေါက်ကုန်ပေါင်ကျေးရွာတွင် အစဉ်အလာမပြတ်ကျင်းပလေ့ရှိသည့် အမျိုးအဆွေရွာလည်ပွဲကို ယနေ့(ဇွန်လ ၄ ရက်)မှစတင်ကာ ဇွန်လ ၅ ရက်နေ့အထိ စည်ကားစွာ ကျင်းပလျက်ရှိသည်။
04 Jun 2022
DMG ၊ ဇွန် ၄
ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့၊ ရမ်းပေါက်ကုန်ပေါင်ကျေးရွာတွင် အစဉ်အလာမပြတ်ကျင်းပလေ့ရှိသည့် အမျိုးအဆွေရွာလည်ပွဲကို ယနေ့(ဇွန်လ ၄ ရက်)မှစတင်ကာ ဇွန်လ ၅ ရက်နေ့အထိ စည်ကားစွာ ကျင်းပလျက်ရှိသည်။
အဆိုပါပွဲတော်သည် နွေရာသီမှ မိုးရာသီအကူး လုပ်ငန်းခွင်မဝင်မီ ကျေးရွာအတွင်းရှိမိသားစုများအနေဖြင့် ကျန်းမာရေး၊ စီးပွားရေးကိစ္စများကို တစ်အိမ်ဝင်တစ်အိမ်ထွက်လှည့်လည်ကာ မေးမြန်းကြသည့် ပွဲလည်းဖြစ်သည်။
ယခုပွဲကိုကျင်းပရခြင်းမှာ ရွာသူ၊ရွာသားများအနေဖြင့် စိတ်ဝမ်းမကွဲဘဲ စည်းလုံးညီညွတ်မှုရှိလာစေရန်အတွက် ကျင်းပရခြင်းဖြစ်ပြီး လူပေါင်း ၄၀၀၀ ခန့်ပါဝင်ဆင်နွှဲကြသည်ဟု ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင် ကိုပုစိန်ကပြောသည်။
“ဒီနှစ် လူတော်တော်များများရောက်ကြတယ်။ လူဦးရေ ၄၀၀၀ ကျော်လောက်ရောက်ကြတယ်။ သူတို့အတွက် နေရာထိုင်ခင်းတွေကိုလည်း ကျနော်တို့အနေနဲ့ စနစ်တကျလုပ်ဆောင်ပေးထားတယ်။ လူအများရောက်တဲ့အပေါ်မှာလည်း အထူးဝမ်းသာမိတယ်”ဟု ၎င်းကဆိုသည်။
ယင်းကဲ့သို့ လာရောက်လည်ပတ်သူများကို အိမ်ပိုင်ရှင်များက ဧည့်ခံကျွေးမွေးခြင်းများပြုလုပ်ရသကဲ့သို့ တခြားကျေးရွာများမှ လာရောက်လည်ပတ်သူများအတွက် နေရာထိုင်ခင်းများ၊ အစားအသောက်များ စီစဉ်ပေးလျက်ရှိပြီး အလွန်ချစ်စရာကောင်းသော ဓလေ့တစ်ခုဖြစ်သည်ဟု သွားရောက်လည်ပတ်သူ ကိုသန့်ဇင်ဦးကပြောသည်။
"ပွဲလေးကတော့ တကယ့်ကိုထူးခြားတဲ့ပွဲလေးပဲ။ ကျနော်တို့ လာရောက်လည်ပတ်သူတွေကိုလည်း ကျေးရွာသားတွေက ဖော်ဖော်ရွှေရွှေဆက်ဆံကြတယ်။ အကုန်လုံးအဆင်ပြေအောင်လည်း လုပ်ပေးတယ်။ တကယ့်ကိုချစ်စရာကောင်းတဲ့ ဓလေ့တစ်ခု ဖြစ်တယ်။ အဝတ်အစားတွေကလည်း ဟာသဉာဏ်ရွှင်ရွှင်နဲ့ တော်တော်လေး စနစ်တစ်ကျလုပ်ထားကြတယ်။ တစ်ခါမှမမြင်ဖူးဘူး။ အခုလို ကျနော်လည်း ဒီနှစ်မှပထမဆုံးမြင်ဖူးတာ”ဟု ၎င်းကဆိုသည်။