ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီ အင်အားတိုးချဲ့မှုကြောင့် ဒေသခံ၂၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အနီး ကျေးရွာများ အတွင်းသို့ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သားများ အင်အားတိုးချဲ့ ဝင်ရောက်လာမှုနှင့်အတူ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ (၂၁၀၀) ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ ရကြောင်းဒေ သခံများ ထံမှ သိရသည်။

13 Jun 2022

ထွက်ပြေးတိမ်းရှောင်နေရသည့် ကျောက်ကြီးမြို့နယ်မှ ဒေသခံများ ယမန်နေ့နံနက်ပိုင်းကတွေ့ရစဉ်။ (ဓာတ်ပုံ - ကရင်အမျိုးသားအစည်းရုံး - KNU)

DMG ၊ ဇွန် ၁၃

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အနီး ကျေးရွာများ အတွင်းသို့ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သားများ အင်အားတိုးချဲ့ ဝင်ရောက်လာမှုနှင့်အတူ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ (၂၁၀၀) ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ ရကြောင်းဒေ သခံများ ထံမှ သိရသည်။

ကျောက်ကြီးမြို့နယ် ဒလကျေးရွာအုပ်စု၊ လိန်ပင်ကျေးရွာအတွင်းသို့ ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီး အချက်ရေ (၂၀ ) ကျော်ပစ်ခတ်မှု ကြောင့် နေအိမ် (၅) လုံး ထိခိုက်ပျက်စီးခဲ့ပြီး ကျေးရွာဒေသခံများမှာ နီးစပ်ရာ တောင်တောင်အတွင်းသို့ တိမ်းရှောင်ခဲ့ရကြောင်း ကျောက်ကြီးမြို့နယ် စစ်ရှောင်ကူညီရေးအဖွဲ့လုပ်ဆောင်သူတစ်ဦးက ပြောသည်။

“ လိန်ပင်ရွာထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာပါ။ သူတို့ (စစ်ကောင်စီတပ်)က စစ်တောင်း မြစ်တဖက်ကမ်း အင်းပရိရွာမှာ တပ်စွဲထားတာ။ ၁၂၀- မမ အမျိုးအစားနဲ့ ပစ်ခတ်ခဲ့တာလို့သိရတယ်။ အချက်ရေက ၂၀ ကျော်လောက်ရှိတယ်။ ရွာထဲကအိမ် (၅) လုံးလောက်ပျက်စီးသွား ပါတယ်။ ရွာသား၁၁၀၀ ကျော်လောက်တော တောင်ထဲထွက်ပြေးခဲ့ရတယ် ” ဟု စစ်ရှောင်အရေး ကူညီနေသူ တစ်ဦးက ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး မုန်းမြို့မှနေ ကျောက်ကြီးမြို့နှင့် ပိန်းဇလုပ်မြို့ နယ်အတွင်း သို့ စစ်ကားအစီးရေ (၇) စီး၊ အင်အား ၁၀၀ ကျော် မှာ စစ်အင်အားတိုးချဲ့မှုများ ရှိလာကြောင်း မြေပြင်သတင်းအရင်း အမြစ်မှ သိရသည်။

“ စစ်ကောင်စီ တပ်တွေက အခုနောက်ပိုင်းမှာ လက်နက်ကြီးနဲ့အရင်ပစ်ပြီးတော့မှ တပ်တွေ တိုးချ လာတာ တွေ့လာရတယ်။ မနေ့က မုန်းကနေ ကျောက်ကြီးနဲ့ ပိန်းဇလုပ်ဘက်ကို စစ်ကားတွေနဲ့ရော၊ ခြေလျင်စစ်ေ ကြာင်း တွေနဲ့ပါ အင်အားထပ်တိုးချဲ့လာပါတယ်။ ခန့်မှန်းအင်အား ၁၀၀ ကျော်လောက်ရှိတယ် ” ဟု ကေအန်ယူတပ်မဟာ (၃)နှင့် နီးစပ်သူသည့် သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ (၁၀) ရက်နေ့၌လည်း အင်းနက်ကျေးရွာအုပ်စု ငဗြက်အင်း၊ နရွဲပင်နှင့် ကြို့ကုန်း စသည့် ကျေးရွာများသို့ ဆိပ်ကြီးကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် (၁၀) ချက် ကျော်ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံများ ထပ်မံ တိမ်းရှောင်ခဲ့ရကြောင်း ဒေသခံ စစ်ရှောင်ကူညီရေး လုပ်ဆောင်သူများထံမှ သိရသည်။

ထို့သို့ နှစ်ရက်ကြာ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများ ကြောင့် ကျောက်ကြီးမြို့နယ်တွင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ (၂၁၇၆) ဦး ထပ်မံတိုး မြင့်လာနေခြင်းလည်းဖြစ်သည်။

ယင်းကြောင့် အဆိုပါ စစ်ဘေးရှောင်များအတွက် လက်ရှိတွင် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ နေရာထိုင်ခင်းနှင့် ဆေးဝါး အထောက်အပံ့ စသည့် အကူအညီများ အရေးပေါ် လိုအပ်နေကြောင်းလည်း ဒေသအတွင်း စစ်ရှောင်များကို ကူညီထောက်ပံ့ပေးနေသူ တစ်ဦးက ဆိုသည်။

“ အခုစစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်တာကော ရွာထဲကို တပ်စွဲလာတာကြောင့် အခုနှစ်ရက်အတွင်းမှာ ဒေသခံ (၂၁၀၀ ) ကျော်အထိ ရှိလာပါတယ်။ စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေ၊ နေထိုင်ဖို့ အတွက်နဲ့ အဝတ်အ ထည်တွေကို ကူညီထောက်ပံ့ပေးဖို့ အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ် ” ဟု အဆိုပါ ကူညီရေး လုပ်ဆောင်ပေးသူက ဆိုသည်။

ထို့ကြောင့် စစ်ဘေးရှောင်များမှာ မိုးရာသီကျရောက်လာမှုကြောင့် ၎င်းတို့အ အတွက်စား နပ်ရိက္ခာ၊ ကျန်းမာရေး ဆေးဝါး လိုအပ်ချက် အခက်အခဲများ ပိုမိုကြုံတွေ့လာကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ဆိုသည်။

“ စစ်ကောင်စီ တပ်တွေက အခု နောက်ပိုင်းရွာထဲတွေကို အင်အားပိုချဲ့လာတယ်။ ရွာထဲကို တပ်စွဲတာ တွေရှိလာတယ်။ စစ်ကြောင်း မထိုးခင်မှာ လက်နက်ကြီးတွေနဲ့ အသုံးပြုပစ်ခတ်ပြီးတော့ မှဝင်လာတော့ ဒေသခံတွေအနေနဲ့ ရွာတွေထဲမှာ နေထိုင်ဖို့ အရမ်းခက်ခဲသွားပြီ။ အခုလို မိုးရာသီအတွင်းဆိုတော့ စစ်ရှောင်တွေရဲ့ကျန်းမာရေးနဲ့ စားနပ်ရိက္ခာတွေ၊ သောက်သုံးရေ ကိစ္စတွေအတွက် အခက်အခဲ ပိုပြီးကြုံတွေ့ရဖွယ်ရှိလာနိုင်ပါတယ် ” ဟု လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦးပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ လဆန်းပိုင်းမှ စကာ မေလအထိ ကေအန်ယူတပ်မဟာ ၃ ထိန်းချုပ်န ယ်မြေ မုန်းနှင့် ကျောက်ကြီးမြို့နယ်တို့၌ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများကြောင့် ဒေသခံ ၃၀၀၀၀ ကျော်မှာ နေရပ်စွန့်ခွာ တိမ်းရှောင် နေရကြောင်းကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ထံမှ သိရသည်။