- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ထားဝယ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်အပစ်ခတ်ခံရပြီး သေဆုံး
တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် ယနေ့(ဖေဖော်ဝါရီ ၈ ရက်) နေ့လည် ၁၂ နာရီအချိန်က အမျိုးသားတစ်ဦးသေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်းသိရသည်။
08 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၈
တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် ယနေ့(ဖေဖော်ဝါရီ ၈ ရက်) နေ့လည် ၁၂ နာရီအချိန်က အမျိုးသားတစ်ဦးသေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်းသိရသည်။
တိုယိုတာ(Surf)အမျိုးအစား ကားကိုမောင်းနှင်လာသူသည် ထားဝယ်မြို့၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ ရိုးမဘဏ်အနီးတွင် ကားရပ်နားစဉ် အမည်မသိသူများမှ သေနတ်ဖြင့်လာရောက်ပစ်ခတ်ခဲ့သဖြင့် ကားပေါ်ပါသူသေဆုံးသွားကြောင်း မြို့နေဒေသခံတစ်ဦးမှ DMG ကိုပြောသည်။
"ကားပေါ်ကနေ သူကဆင်းလာတယ်။ အဲဒီဆင်းလာနေတုန်းပဲအနားကဆိုင်ကယ်နဲ့ပေါ့ ဘယ်သူတွေမှန်းတော့မသိဘူး။ သေနတ်နဲ့ သုံးချက်လောက်ပစ်ပြီးပြန်ထွက်သွားတယ်။ အပစ်ခံရတဲ့သူကတော့ သေသွားပြီထင်တယ်။ ရဲတွေတော့ လူနာတင်ယာဉ်လာပြီး သယ်သွားတာတွေ့လိုက်ရတယ်"ဟု ၎င်းမှပြောသည်။
ယင်းသို့ သေနတ်ဖြင့် ပစ်ခတ်သေဆုံးမှုဖြစ်ပွားရာ အနီးအနားတဝိုက်ကို ရဲကရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ လောင်းလုံမြို့တွင်နေထိုင်သူဖြစ်ပြီး ရေခဲစက်ပိုင်ရှင်တစ်ဦးဖြစ်သည်ဟု သိရသည်။
ထိုသို့ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လက်ရှိညနေအချိန်အထိ ထားဝယ်မြို့ပေါ်၌ စစ်တပ်နှင့်ရဲအဖွဲ့မှ စစ်ဆေးမှုများရှိနေကြောင်းဒေသခံတစ်ဦးမှ ပြောသည်။
"သေနတ်အပစ်ခံရပြီးတဲ့ အခုညနေပိုင်းမှာ အနီးအနားကအိမ်တွေရဲ့ စီစီတီဗီမှတ်တမ်းတွေကို လိုက်စစ်တာရှိတယ်။ လမ်းသွားလမ်းလာတွေကိုလည်း အတင်းအကျပ်စစ်ဆေးတာတွေရှိနေပါတယ်"ဟု ၎င်းမှဆိုသည်။
ထိုသို့ပစ်ခတ်မှုမှာ မည်သည့်အဖွဲ့မှ လုပ်ဆောင်သည်ကို မသိရှိရသေးချေ။
ထ
ားဝယ်မြို့တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှစပြီး ယခု ဖေဖော်ဝါရီလအထိ စစ်တပ်၏သတင်းပေးဟုဆိုပြီး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသူ ၂၅ ဦးထက်မနည်းရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။