- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မောင်တောတွင် နယ်ခြားစောင့်စခန်းကပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးသေဆုံး
မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာမှ ဒေသခံတစ်ဦးသည် ယမန်နေ့(မတ်လ ၁၃ ရက်) ညနေ ၆ နာရီအချိန်ခန့်က အမှတ်(၂)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရကာသေဆုံးသွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သာထွန်းကပြောသည်။
14 Mar 2022
DMG ၊ မတ် ၁၄
မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာမှ ဒေသခံတစ်ဦးသည် ယမန်နေ့(မတ်လ ၁၃ ရက်) ညနေ ၆ နာရီအချိန်ခန့်က အမှတ်(၂)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရကာသေဆုံးသွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သာထွန်းကပြောသည်။
သေဆုံးသူမှာ အသက် ၃၈ နှစ်အရွယ် ဦးကျော်မောင်သာဆိုသူဖြစ်ပြီး ကျေးရွာအနီးရှိ ငါးမွေးတာမှ ငါးရှာ၍ပြန်လာစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်။ ထိုသို့ပစ်ခတ်ခံရချိန်တွင် နယ်ခြားစောင့်တာဝန်ရှိသူများက ဒေသခံများကိုဆက်သွယ်ကာ အကျိုးအကြောင်းကိုပြောပြီး မောင်တောဆေးရုံသို့ပို့ဆောင်ရာတွင် သေဆုံးသွားခြင်းဖြစ်သည်ဟု ၎င်းကဆက်လက်ပြောသည်။
“သေနတ်သံ ၄ ချက်ပစ်တာ ကြားလိုက်ရပါတယ်။ သေနတ်ပစ်တဲ့နေရာကနေ သူ့ကိုထမ်းပြီး ရဲကင်းစခန်းကိုယူလာတယ်။ ကင်းစခန်းကနေတစ်ဆင့် ရွာက ၂ ယောက် ၃ ယောက်ကိုခေါ်ပြီးရင် ကားတစ်စီးလောက်စီစဉ်ပေး၊ ဒီမှာလူတစ်ယောက် ဒဏ်ရာရတယ်လို့ပြောတယ်။ ငါတို့မှားပြီ ဒီလိုဖြစ်သွားတယ်လို့ပြောတယ်”ဟု ဦးမောင်သာထွန်းမှ DMG သို့ပြောသည်၊
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မောင်တောမြို့မရဲစခန်းမှ ဒုရဲမှူးမြင့်ကျော်ဦးကိုဆက်သွယ်ရာတွင် “အဲဒါက နယ်ခြားစောင့်ရဲတပ်ဖွဲ့အပိုင်၊ ကျနော်တို့နဲ့မဆိုင်ဘူး၊ တပ်ဖွဲ့ချင်းမတူဘူး”ဟု ပြောသည်။
သေဆုံးသူမှာ လယ်ယာလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး မိသားစုဝင်လေးဦးကျန်ရစ်ခဲ့ကြောင်းသိရသည်။ မီးတိုက်ကျေးရွာတွင် ဒိုင်းနက်နှင့် မရမာကြီးလူမျိုးစုနေထိုင်ပြီး အိမ်ခြေ ၁၅၀ ကျော်ရှိကြောင်း သိရသည်။