- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဘူးသီးတောင်တွင် လက်နက်ကြီးကျရောက်မှုကြောင့် မွတ်ဆလင်တစ်ဦး သေဆုံး
မာမတ်အီနစ် အသက်(၄၀)နှစ်မှာ ရွာအနောက်ဖက် ၁ မိုင်ခန့်အကွာရှိ ကွမ်းခင်းသို့သွားစဉ် ၎င်းအနီးတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ရင်ဘတ်၊ ဝမ်းဗိုက်နှင့် ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာရရှိသွားခဲ့ကာ ယနေ့ညနေ ၅ နာရီအချိန်တွင် သေဆုံးသွားခဲ့သည်ဟု မိသားစုဝင်တစ်ဦးက DMG သို့ အတည်ပြုပြောသည်။
18 Oct 2022
လက်နက်ကြီးကျည်စထိမှန်ခဲ့သည့် မာမတ်အီနစ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Arakan Princess Media
DMG ၊ အောက်တိုဘာ ၁၈
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ စိမ်းညှင်းပြားအုပ်စု၊ ဒိုင်းနက်ပြင်(မွတ်ဆလင်)ကျေးရွာအနီးတွင် ယနေ့ မွန်းတည့် ၁၂ နာရီခန့်က လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ကျည်စထိမှန်ခဲ့ကာ ဘူးသီးတောင်ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
မာမတ်အီနစ် အသက်(၄၀)နှစ်မှာ ရွာအနောက်ဖက် ၁ မိုင်ခန့်အကွာရှိ ကွမ်းခင်းသို့သွားစဉ် ၎င်းအနီးတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ရင်ဘတ်၊ ဝမ်းဗိုက်နှင့် ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာရရှိသွားခဲ့ကာ ယနေ့ညနေ ၅ နာရီအချိန်တွင် သေဆုံးသွားခဲ့သည်ဟု မိသားစုဝင်တစ်ဦးက DMG သို့ အတည်ပြုပြောသည်။
“ဒီနေ့ သူက ကွမ်းခင်းကိုသွားတယ်။ အဲဒီမှာ လက်နက်ကြီးကျပြီးတော့ ထိသွားတာ။ ဒဏ်ရာကတော့ ခန္ဓာတစ်ခုလုံးနဲ့ ဝမ်းဗိုက်မှာ ရသွားတယ်။ ဒဏ်ရာကတော့ ပြင်းထန်ပါတယ်။ အခုတော့ ဘူးသီးတောင်ဆေးရုံမှာ ဆုံးသွားပါပြီ။ ဒီနေ့ အဲဒီဖက်က လက်နက်ကြီးတွေ အဆက်မပြတ်ပစ်နေတာ”ဟု ၎င်းကဆိုသည်။
အဆိုပါကျေးရွာအနီးတွင် ယနေ့ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ကင်းချောင်းကျေးရွာအနီးရှိ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ်တို့ရှိသည့် နခခ(၈)မှ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်မှုများရှိခဲ့ကြောင်း၊ ယင်းအထဲမှ လက်နက်ကြီးကျည်တစ်လုံးမှာ မာမတ်အီနစ်အနီးသို့ ကျရောက်ပေါက်ကွဲကာ ကျည်စများ ထိမှန်သွားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
“အဓိက ရွာနားတွေကို လက်နက်ကြီးတွေ မပစ်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကြီးပစ်ရင် ရွာသားတွေ ထွက်ပြေးရတယ်၊ ဒဏ်ရာရတယ်၊ ဒီလိုမျိုး မဖြစ်စေချင်ဘူး။ ဒါကြောင့် ရွာနားမှာ တိုက်ပွဲမဖြစ်ဖို့နဲ့ လက်နက်ကြီးတွေ မပစ်ဖို့ တောင်းဆိုချင်ပါတယ်”ဟု ဒိုင်းနက်ပြင် ကျေးရွာသားတစ်ဦးက ပြောသည်။
ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကလည်း ယနေ့ ဘူးသီးတောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်း အတည်ပြုပြောဆိုသည်။
ယခုကဲ့သို့ ကျေးရွာအနီး လက်နက်ကြီးကျရောက်မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။
“အခုရခိုင်မှာ စစ်တပ်က ULA/AA လမ်းကြောင်းရှိလို့ ပစ်တာလည်းမဟုတ်ဘူး။ ဒါတွေဟာ အမှန်တကယ် ရက်စက်ယုတ်မာတဲ့ လုပ်ရပ်ဖြစ်တယ်။ ULA/AA ရှိတဲ့ နေရာတွေ သွားမတိုက်ဘဲနဲ့ ပြည်သူလူထုရှိနေတဲ့ ရွာတွေကို ပစ်နေတာဟာ မလုပ်သင့်၊မလုပ်ထိုက်တဲ့ လုပ်ရပ်ဖြစ်တယ်”ဟု မြေပုံမြို့နယ်အမတ်ဟောင်း ဦးဖေသန်းက ဝေဖန်သည်။
ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်ကလည်း ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာ(၃)ရွာမှ ကျောင်းဆရာမ(၁)ဦး အပါအဝင် ကလေးငယ်များနှင့် ဒေသခံ (၆)ဦး ဒဏ်ရာရရှိခဲ့ပြီး (၃)ဦးသေဆုံးခဲ့ရသည်။