- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်တွေတက္ကသိုလ်တွင် တက်ရောက်နေသည့် မွတ်ဆလင်ကျောင်းသားများ ပညာသင်ထောက်ပံ့ကြေး လျှောက် ထားခွင့်မရ
၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် (၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်) ပထမနှစ် နေ့သင်တန်း တက် ရောက်နေသော ကျောင်းသား၊ကျောင်းသူများကို ပညာသင်ထောက်ပံ့ကြေး လျှောက်ထားရယူနိုင်ကြောင်း ကြေညာထားသော်လည်း စစ်တွေတက္ကသိုလ်မှ မွတ်ဆလင်ကျောင်းသားများမှာ ပညာသင်ထောက်ပံ့ကြေး လျှောက်ခွင့်မရကြဟု သိရသည်။
04 Nov 2022
မွတ်ဆလင်ကျောင်းများ စစ်တွေတက္ကသိုလ်တွင် ကျောင်းသွင်းနေကြစဥ်။ဓာတ်ပုံ - ရက္ခိုင်ပြည် ကျောင်း သားသမဂ္ဂ
DMG | နိုဝင်ဘာ ၄
၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် (၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်) ပထမနှစ် နေ့သင်တန်း တက် ရောက်နေသော ကျောင်းသား၊ကျောင်းသူများကို ပညာသင်ထောက်ပံ့ကြေး လျှောက်ထားရယူနိုင်ကြောင်း ကြေညာထားသော်လည်း စစ်တွေတက္ကသိုလ်မှ မွတ်ဆလင်ကျောင်းသားများမှာ ပညာသင်ထောက်ပံ့ကြေး လျှောက်ခွင့်မရကြဟု သိရသည်။
ပညာသင်ထောက်ပံ့ကြေးပေးရေး သဘောထားမူများတွင်ပါဝင်သည့်အချက်များထဲမှ မိဘနှစ်ဦးနှင့် မိမိ ကိုယ်တိုင်သုံးဦးစလုံးသည် တိုင်းရင်းသား/နိုင်ငံသားဖြစ်ရမည်ဆိုသည့်အချက်ကြောင့် ပညာသင် ထောက်ပံ့ ကြေး လျှောက်ခွင့်မရဖြစ်နေသည်ဟု စစ်တွေတက္ကသိုလ်တွင် ဓာတုဗေဒဘာသာရပ်ဖြင့် ပထမနှစ် နေ့သင်တန်းတက်ရောက်နေသည့် မွတ်ဆလင်ကျောင်းသားတစ်ဦးက DMG ကိုပြောသည်။
“ ကျနော်တို့က ပညာသင်ထောက်ပံ့ကြေးရဖို့အတွက် လျှောက်ချင်တယ်။ဒါပေမယ့် မလျှောက်နိုင်ဘူး။မိဘ နှစ်ပါးမှာနိုင်ငံသားကဒ်မရှိဘူး။ကိုယ့်မှာလည်း နိုင်ငံသားကဒ်မရှိဘူးဆိုတော့ လျှောက်လို့မရတော့ဘူး။ ကျနော်တို့ဖြစ်ချင်တာက နိုင်ငံသားဖြစ်ဖြစ်၊မဖြစ်ဖြစ် ခွဲခြားမှုမရှိဘဲ အခက်အခဲရှိတဲ့ အကုန်လုံးကို လျှောက်ခွင့် ပေးစေချင်တယ်” ဟု သူကဆိုသည်။
အဆင့်မြင့် ပညာဦးစီးဌာန၏ ပညာသင်ထောက်ပံ့ကြေးအနေဖြင့် တစ်လလျှင် သုံးသောင်းကျပ်ဖြင့် ပညာသင် နှစ် တစ်ခုလျှင် (၁၀) လစာ သုံးသိန်းကျပ်ကို စိစစ်ရွေးချယ်ချီးမြင့်မည်ဖြစ်သည့်အတွက် ကျောင်းသား၊သူများ အနေဖြင့် အောက်တိုဘာလ ၁၁ ရက်နေ့မှစတင်ကာ နိုဝင်ဘာလ ၁၅ ရက်နေ့အတွင်း ကျောင်းသားရေးရာ ဌာနတွင် လျှောက်ထားရမည်ဟု ကြေညာထားသည်။
ပညာသင်ထောက်ပံ့ကြေးသည် အခက်အခဲရှိသည့် တက္ကသိုလ်ကျောင်းသားများကို ပေးသင့်ပြီး နိုင်ငံသား ကဒ်ပြားမရှိသည့် မွတ်ဆလင်ကျောင်းသားများ ပညာသင်ထောက်ပံ့ကြေး လျှောက်ခွင့်မရသည်မှာ သဘာဝ မကျကြောင်း စစ်တွေတက္ကသိုလ်တွင် ဒုတိယနှစ်(နေ့သင်တန်း)တက်ရောက်နေသည့် မွတ်ဆလင်ကျောင်းသား ကိုသန့်ဇော်က ပြောသည်။
“ အခု မွတ်ဆလင်ကျောင်းသားတွေမှာ နိုင်ငံသားမှတ်ပုံတင်ကဒ်မရှိတာ၊မိဘတွေမှာလည်း နိုင်ငံသားကဒ်မရှိ တဲ့အတွက် လျှောက်လို့မရဖြစ်နေတယ်။ကျနော်တို့ဖြစ်စေချင်တာက ထောက်ပံ့ကြေးဆိုတာ အခက်အခဲရှိတဲ့ ကျောင်းသားတိုင်းကိုပေးသင့်တယ်လို့ထင်တယ်။အဲဒီထဲမှာ နိုင်ငံသားကိစ္စတစ်ခုတည်းနဲ့ လျှောက်ခွင့်မရတာက သိပ်သဘာဝမကျဘူး။နိုင်ငံသားဖြစ်ရမယ်။ တိုင်းရင်းသားဖြစ်ရမယ်။ မှတ်ပုံတင်ကဒ်ရှိရမယ်ဆိုတဲ့ အကန့် အသတ်တွေက မရှိသင့်ဘူးလို့မြင်တယ်” ဟု သူက ဆိုသည်။
ပညာသင်ထောက်ပံ့ကြေးပေးရေး သဘောထားမူများထဲတွင် မိဘနှစ်ဦးနှင့် မိမိ ကိုယ်တိုင်သုံးဦးစလုံးသည် တိုင်းရင်းသား/နိုင်ငံသားဖြစ်ရမည်ဖြစ်ကြောင်း၊ ဆင်းရဲနွမ်းပါးသဖြင့် တက္ကသိုလ် ပညာကို ဆက်လက်သင် ကြားရန် အခက်အခဲရှိသူဖြစ်ရမည်ဖြစ်ကြောင်း၊ စာမေးပွဲကျရှုံးလျှင် ပညာသင် ထောက်ပံ့ကြေးကို ရပ်ဆိုင်း မည်ဖြစ်ကြောင်း၊ စာမေးပွဲပြန်လည်အောင်မြင်ပါက ပညာသင်ထောက်ပံ့ကြေးကို ပြန်လည်လျှောက် ထားခွင့်ရှိသည်ဟု ပါရှိသည်။
မွတ်ဆလင်များ ပညာသင်ထောက်ပံ့ကြေးမရရှိခြင်းနှင့်ပတ်သက်ပြီး “ ဒါက အစိုးရပညာသင်ဆုဖြစ်တယ်ဆို တော့ သတ်မှတ်ထားတာက မိဘနှစ်ပါးစလုံးဟာ နိုင်ငံသားဖြစ်ရမယ်။ ကျောင်းသားလည်း နိုင်ငံသားဖြစ်ရမယ့် သဘောပါ။ဒီအစိုးရပညာသင်ဆုကကျတော့ မွတ်ဆလင်လို့မဟုတ်ဘူး။ နိုင်ငံသားဖြစ်ရင်တော့ လျှောက်ခွင့် ပြုပါတယ်။ မိဘနှစ်ပါးစလုံးနဲ့ ကျောင်းသားဟာ နိုင်ငံသားဖြစ်ရင် ဘယ် ဘာသာဝင် လူမျိုးမဆိုလျှောက်လို့ ရတယ် ” ဟု စစ်တွေတက္ကသိုလ်ကျောင်းသားရေးရာ ဌာနမှူး ဦးကျော်နိုင်ဦးက ပြောသည်။
ရခိုင်ပြည်တွင် မွတ်ဆလင်နှင့်ရခိုင်တို့ကြား လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်တွင် လူမျိုးရေး၊ဘာသာရေးပဋိပက္ခဖြစ်ပွားခဲ့ ပြီးနောက် နှစ်ဖက်ဆက်ဆံရေးတင်းမာလာကာ အစိုးရအဆက်ဆက်လည်း မွတ်ဆလင်များကိုခရီးသွားလာခွင့် ကန့်သတ်ခြင်း၊ပညာသင်ကြားခြင်းများကိုလည်း ကန့်သတ်မှုများရှိခဲ့သည်။
လက်ရှိတွင် မွတ်ဆလင်နှင့်ရခိုင်တို့ကြားတွင် ဆက်ဆံရေးကောင်းမွန်လာပြီး မွတ်ဆလင်များမှာ စစ်တွေမြို့ကဲ့သို့ ရခိုင်မြို့နယ်များသို့ ဝင်ထွက်သွားလာမှုများရှိနေပြီဖြစ်သည်။ရခိုင်ကျောင်းသားနှင့်မွတ်ဆလင်ကျောင်းသားတို့၏ ကြိုးစားမှုကြောင့် မွတ်ဆလင်ကျောင်းသား၊ကျောင်းသူ များမှာလည်း ယခုနှစ်ပညာသင်နှစ်တွင် တက္ကသိုလ်နေ့ သင်တန်းတက်ခွင့်ရရှိခဲ့ကြသည်။