- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြောက်ဦးတွင် ယခုလအကုန်၌ အောက်ဆီဂျင် စထုတ်နိုင်တော့မည်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ တည်ဆောက်ပြီးစီးလျှက်ရှိသော အောက်ဆီဂျင်စက်ရုံတွင် အောက်ဆီဂျင်ထုတ်စက်များရောက်ရှိလာပြီဖြစ်သည့်အတွက် ဇူလိုင် ၁၄ ရက်နေ့က စတင်တပ်ဆင်နေပြီဖြစ်သည်ဟု မြောက်ဦးမြို့ နန်းရိပ်ကရုဏာ အောက်ဆီဂျင် အခမဲ့ကူညီရေးအဖွဲ့ထံမှ သိရသည်။
15 Jul 2021
DMG ၊ ဇူလိုင် ၁၅
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ တည်ဆောက်ပြီးစီးလျှက်ရှိသော အောက်ဆီဂျင်စက်ရုံတွင် အောက်ဆီဂျင်ထုတ်စက်များရောက်ရှိလာပြီဖြစ်သည့်အတွက် ဇူလိုင် ၁၄ ရက်နေ့က စတင်တပ်ဆင်နေပြီဖြစ်သည်ဟု မြောက်ဦးမြို့ နန်းရိပ်ကရုဏာ အောက်ဆီဂျင် အခမဲ့ကူညီရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါစက်ရုံကို မြောက်ဦးဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး အခုလကုန်ပိုင်းတွင် အောက်ဆီဂျင် စတင်ထုတ်လုပ်နိုင်မည်ဖြစ်သည်ဟု နန်းရိပ်ကရုဏာ အောက်ဆီဂျင် အခမဲ့ကူညီရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းထွန်က DMG ကို ပြောသည်။
“အောက်ဆီဂျင်ထုတ်လုပ်မှာကတော့ လခွဲလောက်ကြာမှထုတ်လို့ရမယ်လိုသိရတယ်။ ရန်ကုန်က စက်တပ်ဆင်မဲ့ အင်ဂျင်နီယာ လေးယောက်ရောက်ပါတယ်။ သူတို့က အခုစက်ကို တပ်ဆင်နေကြပါတယ်။ နောက်ပြီးတော့ စက်ကိုစမ်းသပ်မဲ့ တရုတ်မှလူလေးယောက်ရောက်အုံးမယ်လိုသိရတယ်။ အဲဒီလိုစမ်းသပ်ပြီးတော့မှ အောက်ဆီဂျင်တွေထုတ်နိုင်ပါမယ်” ဟု ဦးသန်းထွန်းက ပြောသည်။
စက်တပ်ဆင်ပြီးပါက တစ်နေ့ကိုအောက်ဆီဂျင် ၄၀ လီတာဘူးကြီး အလုံးအရေအတွက် ၄၀ ခန့် ထုတ်ပေးသွားမှာဖြစ်ပြီး လက်ရှိစက်တပ်နေသည်အချိန်တွင် ပစ္စည်းများ မစုံလင်သည့်အတွက် အခက်အခဲများရှိနေသည်ဟု သိရသည်။
“စက်တန်ဖိုးကတော့ သိန်း(၇၀၀)ကျော်လောက်ပဲရှိတယ်။ စက်တပ်ဆင်ခတွေ၊ သယ်ယူခတွေမှာ ဈေးကြီးသွားတာ။ အားလုံးစုပေါင်းလိုက်ရင်တော့ တစ်ထောင်ကျော်ကုန်ကျတယ်။ ကျနော်တို့က အကူအညီလိုအပ်နေတဲ့သူတွေကို ပေးဆောင်သွားမှာဖြစ်တယ်” ဟု ဦးသန်းထွန်းကပြောသည်။
စက်ရုံမှထွက်ရှိမည့် အောက်ဆီဂျင်ဘူးများကို ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း အစရှိသည့်မြို့များသို့ ပေးဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရန်အတွက် မြေနေရာများဝယ်ယူခြင်း၊ ချောင်းအားမြေဖိုခြင်းများ၊ ကမ်းထိန်းနံရံများကို အုတ်တံတိုင်း ကာခြင်းများရှိသည့်အတွက် ငွေကျပ်သိန်းပေါင်း (၄၀၀)ကျော်ကုန်ကျကာ အကြွေးသိန်းပေါင်း (၁၀၀)ကျော်ခန့် ကျန်ရှိသည်ဟု နန်းရိပ်ကရုဏာ အောက်ဆီဂျင် အခမဲ့ကူညီရေး အဖွဲ့ထံမှ သိရသည်။
#R006