- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်တော်တွင် လက်နက်ကြီးကျည်ထိမှန်၍ ဒေသခံ ၅ ဦးပြင်းထန်စွာဒဏ်ရာရ
ကျောက်တော်မြို့နယ်၊ရွှေပြည်သစ်ကျေးရွာနှင့် လက်ဆောင်ကောက်(မွတ်ဆလင်)ရွာထဲတွင် ယနေ့(နိုဝင်ဘာလ ၄ရက်နေ့)၊နံနက် ၁၀ နာရီခန့်က လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့၍ ဒေသခံ ၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်းသိရသည်။
04 Nov 2022
လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူများကိုတွေ့ရစဥ်။ဓာတ်ပုံ-ပေးပို့
DMG | နိုဝင်ဘာ ၄
ကျောက်တော်မြို့နယ်၊ရွှေပြည်သစ်ကျေးရွာနှင့် လက်ဆောင်ကောက်(မွတ်ဆလင်)ရွာထဲတွင် ယနေ့(နိုဝင်ဘာလ ၄ရက်နေ့)၊နံနက် ၁၀ နာရီခန့်က လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့၍ ဒေသခံ ၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်းသိရသည်။
ဒဏ်ရာရရှိသူများမှာ ရွှေပြည်သစ်ရွာမှ ဦးမောင်တူချေ အသက် (၈၆) နှစ်၊ကိုနိုင်နိုင်ဦး (၃၁)နှစ်၊မမိုးမိုးနိုင် (၂၈)နှစ်၊ မလေးခိုင်၊ အသက် (၃၂)နှစ်နှင့် လက်ဆောင်ကောက်ရွာမှ အသက် ၃၀ ကျော်အရွယ် မွတ်ဆလင်တစ်ဦး တို့ဖြစ် သည်။
" အခုဒဏ်ရာရသူတွေက အိမ်နီးနားချင်းတွေပါ။သူတို့အိမ်ထဲကိုလက်နက်ကြီး ၂လုံးကျလာပြီးတော့ လူတွေ ကိုထိသွားတာ။အိမ်တွေလည်း ပြိုသွားပါတယ်။ရွာထဲကတစ်ခြားအိမ်တွေကိုလည်း လက်နက်ကြီးကျတာ တွေရှိပေမဲ့ အပျက်အစီးတွေကို လောလောဆယ် မကြည့်ခဲ့ရဘူး" ဟု ရွှေပြည်သစ်ကျေးရွာသား တစ်ဦးက ပြောသည်။
လက်နက်ကြီးထိမှန်မှုကြောင့် အသက် ၈၆ နှစ်အရွယ် ဦးမောင်ဘုမှာ ဦးခေါင်းတွင်ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး ကျန် ၃ဦးမှာလည်း ခန္ဓာကိုယ်တစ်ခုလုံး၌ လက်နက်ကျည်စထိမှန်ဒဏ်ရာရရှိသွားသည်။
" ဦးခေါင်းကို ပြင်းပြင်းထန်ထန်ထိထားတဲ့လူနာကတော့ အသက်အန္တရာယ်စိုးရိမ်ရပါတယ် ။ကျန်တဲ့လူနာတွေကျ တော့ ခြေ၊လက်တွေ၊ဝမ်းဗိုက်တွေအကုန်လုံးမှာ ထိသွားကြတာပါ။ အခုကျနော်တို့ နာရေးကားနဲ့ ကျောက်တော် ဆေးရုံကိုသွားနေကြပါတယ်" ဟု အထက်ပါဒေသခံက ဆက်ပြောသည်။
ယင်းအပြင် ကျောက်တော်မြို့နယ် ၊လက်ဆောင်ကောက် ကျေးရွာမှ မွတ်ဆလင်တစ်ဦးမှာလည်း ကျေးရွာထဲ သို့လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ညာဖက်လက်တွင် ဒဏ်ရာပြင်းထန်စွာရရှိ သွားကြောင်း သိရသည်။
ယနေ့၊ နံနက် ၁၀ နာရီအချိန်ခန့်က စစ်တွေမှ ကျောက်တော်ဖက်သို့ကုလားတန်မြစ်ကြောင်းအတိုင်း တက်လာ သည့် မြန်မာစစ်တပ် ဇက်ရေယာဉ် ၂စီးကို ကျောက်တော်မြို့ သကြားစက်ရုံအနီးအနားတွင် ရက္ခိုင့် တပ်တော် (AA)က လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ယင်းနောက် အဆိုပါ ဇက်ရေယာဉ်တို့မှ ပြန်လှန်ပစ်ခတ်ရာတွင် ကျေးရွာများထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ကာ ယခုကဲ့သို့ဒေသခံများ ထိခိုက်ဒဏ်ရာရရှိသွားကြခြင်းဖြစ်သည်။
ယခုကိစ္စနှင့်ပတ်သက်၍ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် မြန်မာစစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကို ဖုန်းဆက်သွယ်ခဲ့သော်လည်း အဆက်သွယ်မရရှိပေ။ထို့ပြင် AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကိုလေ့ ဆက်သွယ်နေဆဲဖြစ်သည်။