- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ထားဝယ်-ထီးခီးလမ်းမ ထိုင်း-မြန်မာနယ်စပ်အနီး၌ မြန်မာစစ်တပ်နှင့် KNDO ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲပြင်းထန်
ထိုင်း-မြန်မာနယ်စပ်အနီး ထားဝယ်-ထီးခီးကားလမ်းမပေါ်တွင် မြန်မာစစ်တပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား ယမန်နေ့(ဧပြီ ၂၆ ရက်)မှစတင်ကာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။
27 Apr 2022
DMG ၊ ဧပြီ ၂၇
ထိုင်း-မြန်မာနယ်စပ်အနီး ထားဝယ်-ထီးခီးကားလမ်းမပေါ်တွင် မြန်မာစစ်တပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား ယမန်နေ့(ဧပြီ ၂၆ ရက်)မှစတင်ကာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။
ထားဝယ်-ထီးခီးလမ်းမအနီးသို့ မြန်မာစစ်တပ်က အင်အားအများအပြားဖြင့်လာရောက်တပ်စွဲရန်ကြိုးစားရာမှ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့(KNDO)ပူးပေါင်းအဖွဲ့နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း KNLA ပူးပေါင်းအဖွဲ့ဝင်တစ်ဦးမှပြောသည်။
"ထားဝယ်-ထီးခီးလမ်းမအနီးကို မနေ့က စစ်ကောင်စီတပ်အင်အားတိုးချလာတယ်။ တပ်လာစွဲတဲ့ပုံစံဖြစ်နေတဲ့အတွက် နှစ်ဖက်ထိတွေ့ပစ်ခတ်တာကနေ တိုက်ပွဲအထိဖြစ်ခဲ့ပါတယ်"ဟု ၎င်းမှပြောသည်။
ပြီးခဲ့သည့်ဧပြီ ၂၄ ရက်နေ့၌ ထားဝယ်-ထီးခီးလမ်းမအနီး မြန်မာစစ်တပ်မှတပ်စွဲရာ ပကာရီကျေးရွာရဲကင်းစခန်းသို့ ဒေသခံကာကွယ်ရေးအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ထိုသို့တိုက်ခိုက်ခံရမှုကြောင့် မြန်မာစစ်တပ်မှအင်အား ၁၀၀ နီးပါးမှာ အင်အားတိုးချခဲ့ပြီး ပကာရီကျေးရွာအနီးသို့ လက်နက်ကြီးဖြင့်အချက်ရေ ၂၀ ကျော်ထက်မနည်းပစ်ခတ်ခဲ့ရာ ဒေသခံ ၁၀၀၀ ကျော်မှာ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရကြောင်း စစ်ဘေးရှောင် ကူညီရေးအဖွဲ့ထံမှသိရသည်။
ဒေသခံစစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးမှ "ရွာတွင်းထဲကိုမနေ့က စစ်ကောင်စီတပ်အင်အား တစ်ရာကျော်လောက်တိုးချလာခဲ့တယ်။ လက်နက်ကြီးနဲ့အချက် ၂၀ ပစ်ခတ်ခဲ့လို့ ဒေသခံထောင်ချီတိမ်းရှောင်နေရပါတယ်"ဟု ဆိုသည်။
တိုက်ပွဲများဆက်လက်ပြင်းထန်ဖြစ်ပွားနိုင်မှုကြောင့် ထားဝယ်-ထီးခီးလမ်းမပေါ်သို့ ယနေ့(ဧပြီလ ၂၇ ရက်)မှစပြီး (မေလ ၄ ရက်နေ့)အထိ ယာဉ်အသွားအလာများ ခေတ္တယာယီပိတ်ဆို့ထားကြောင်း ကေအန်ယူတပ်မဟာ(၄)၏ KNDO ပူးပေါင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။