- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဖါပွန်ခရိုင်တွင် လက်နက်ကြီးကျရောက်မှုကြောင့် မတ်လပထမအပတ်အတွင်း ကလေးနှစ်ဦးအပါအဝင် ဒေသခံ ၇ ဦးသေဆုံးခဲ့
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေဖြစ်သော ဖါပွန်ခရိုင်တွင် မတ်လပထမပတ်က မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးနှစ်ဦးအပါအဝင် ဒေသခံ ၇ ဦးခန့်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်း ကေအန်ယူ သတင်းအရင်းအမြစ်ထံမှသိရသည်။
09 Mar 2022
DMG ၊ မတ် ၉
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေဖြစ်သော ဖါပွန်ခရိုင်တွင် မတ်လပထမပတ်က မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးနှစ်ဦးအပါအဝင် ဒေသခံ ၇ ဦးခန့်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်း ကေအန်ယူ သတင်းအရင်းအမြစ်ထံမှသိရသည်။
KNU တပ်မဟာ(၅)မှ တာဝန်ရှိသူတစ်ဦးက "စစ်ကောင်စီတပ်ဘက်က မတ်လပထမပတ်အတွင်းမှာပဲ လက်နက်ကြီးပစ်ခတ်မှု အကြိမ် ၂၀ ကျော်ရှိခဲ့ပါတယ်"ဟု ၎င်းမှပြောသည်။
ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ညပိုင်းက ဘူးသိုမြို့နယ် မယ်ကလေကျေးရွာသို့ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ်(BGF)အဖွဲ့မှ လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် ဒေသခံ ၇ ဦးသေဆုံးခဲ့ပြီး ၈ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(KHRW)က ဆိုသည်။
"စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်(BGF)က လက်နက်ကြီးပစ်ခတ်ခဲ့လို့ မတ်လ ၅ ရက် ည(၉)နာရီကျော်မှာ ဒေသခံတွေထိခိုက်သေဆုံးခဲ့ပါတယ်။ အဲဒီသေဆုံးတဲ့လူတွေထဲမှာ အသက် ၁၂ နှစ်နဲ့ အသက် ၂ နှစ်အရွယ် အမျိုးသမီးငယ်လေးတွေပါဝင်ခဲ့ပါတယ်"ဟု ကရင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဖာပွန်ခရိုင်အတွင်းရှိ ဘူးသိုနှင့် ဒွယ်ကလိုးမြို့နယ်ရှိ ကျေးရွာ ၂၀ ကျော်တွင်လည်း မတ်လပထမအပတ်အတွင်း လက်နက်ကြီးကျရောက်မှုများကြောင့် နေအိမ် ၅၀ လုံးကျော် ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ဒေသခံများမှပြောသည်။
ဖာပွန်မြို့နယ်အတွင်းမှ ဒေသခံများမှာလည်း လက်နက်ကြီးကျရောက်မှုကြောင့် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်။