- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရမ်းဗြဲမြို့တွင် ရိုးရာလှေလှော်ပြိုင်ပွဲကို ၄ ရက်တိုင် ကျင်းပလျက်ရှိ
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် ရိုးရာလှေလှော်ပြိုင်ပွဲကို ယနေ့(မေလ ၁၆ ရက်) နံနက်ပိုင်းမှစတင်ကာ မေလ ၁၉ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
16 May 2022
DMG ၊ မေ ၁၆
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် ရိုးရာလှေလှော်ပြိုင်ပွဲကို ယနေ့(မေလ ၁၆ ရက်) နံနက်ပိုင်းမှစတင်ကာ မေလ ၁၉ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ယခုနှစ်တွင် ရမ်းဗြဲမြို့နယ်အပြင် အခြားမာန်အောင်နှင့် တောင်ကုတ်မြို့နယ်တို့မှလည်း လှေလှော်ပြိုင်ပွဲတွင် ပါဝင်လာကြသည်ဟု လှေလှော်ပြိုင်ပွဲကျင်းပရေးကော်မတီမှ ဦးကံကောင်းကပြောသည်။
"ဒီနှစ်က မာန်အောင်၊ တောင်ကုတ်၊ ကျောက်နီမော်ဖက်တို့ကလဲ ပါလာကြတယ်။ အသင်းအားလုံး စုစုပေါင်းကတော့ ၁၈ သင်းရှိတယ်။ အောက်တန်းမှာ ၉ စီး၊ အထက်တန်းမှာ ၉ စီးပါတယ်"ဟု ၎င်းကဆိုသည်။
ရမ်းဗြဲလှေပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မာန်အောင်အသင်းမှ ကိုအောင်မြင့်သူက "အဓိကတော့ ဒါဟာ ရိုးရာတစ်ခုဖြစ်လို့ မြို့နယ်တိုင်းက ပါဝင်ယှဉ်ပြိုင်သင့်တယ်။ အဲဒါကြောင့် ကျနော်တို့မာန်အောင်ကလဲ ဒီမှာလာပြီး အားပေးအားမြောက်အနေနဲ့ ပါဝင်ယှဉ်ပြိုင်တာဖြစ်တယ်”ဟု ပြောသည်။
ရမ်းဗြဲမြို့တွင်ကျင်းပနေသည့် ရိုးရာလှေလှော်ပြိုင်ပွဲတွင် ချန်ပီယံအဆင့်နှင့် ရိုးရိုးအဆင့်ဟု အဆင့်သတ်မှတ်ထားပြီး ချန်ပီယံအဆင့်ပထမဆုကို ကျပ်သိန်း ၂၀ ၊ ဒုတိယဆုကို ကျပ် ၁၈ သိန်း၊ တတိယဆုကို ၁၅ သိန်းနှင့် ရိုးရိုးတန်းအဆင့် ပထမဆုကို ၁၈ သိန်း၊ ဒုတိယဆုကို ၁၅ သိန်း၊ တတိယဆုကို ၁၃ သိန်း အသီးသီးဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။