- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရာမောင်တံတားပေါ်မှ ခုန်ဆင်းသွားသည့် ဆယ်ကျော်သက်အမျိုးသမီးငယ်ကို ရှာဖွေမတွေ့သေး
မင်းပြားမြို့နယ်၊ သင်္ဂဇကျေးရွာမှ အသက်(၁၈)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးသည် ရာမောင်တံတားပေါ်မှခုန်ချမှု (ဧပြီလ ၃ ရက်)နေ့လယ် ၂ နာရီကျော်ခန့်ကဖြစ်ပွားခဲ့ပြီး လက်ရှိတွင် အဆိုပါအမျိုးသမီးငယ်ကို ရှာမတွေ့သေးဟု ဒေသခံများထံမှသိရသည်။
04 Apr 2022
DMG ၊ ဧပြီ ၄
မင်းပြားမြို့နယ်၊ သင်္ဂဇကျေးရွာမှ အသက်(၁၈)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးသည် ရာမောင်တံတားပေါ်မှခုန်ချမှု (ဧပြီလ ၃ ရက်)နေ့လယ် ၂ နာရီကျော်ခန့်ကဖြစ်ပွားခဲ့ပြီး လက်ရှိတွင် အဆိုပါအမျိုးသမီးငယ်ကို ရှာမတွေ့သေးဟု ဒေသခံများထံမှသိရသည်။
“ဟင်းရောင်းတဲ့မိန်းကလေးတစ်ဦး တံတားပေါ်ကဖြတ်သွားတော့ ရေထဲကိုတစ်ယောက်ခုန်ဆင်းသွားတယ်လို့ အော်ပြောခဲ့တယ်။ နေအရမ်းပူနေတော့ လူတွေလည်း အသွားအလာနည်းတယ်လေ”ဟု ရာမောင်တံတားအနီးရှိ အမ်းသားကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
တံတားပေါ်မှ ခုန်ဆင်းသွားသည့်အမျိုးသမီးငယ်မှာ မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ခုန်ဆင်းသွားသည်ကို မသိရှိရသေးပေ။ အဆိုပါအမျိုးသမီးငယ်သည် မိမိကျေးရွာမှတစ်ဆင့် ဥက္ကာပျံရပ်ကွက်ရှိ ဆွေမျိုးနေအိမ်သို့ ခဏတာအလည်ရောက်ရှိလာခဲ့ပြီးနောက် မိမိကျေးရွာသို့သွားရောက်တော့မည်ဟုပြောဆို၍ ထွက်ခွာသွားခဲ့သည်ဟု ဒေါ်လေးဖြစ်သူ ဒေါ်ဌေးမေကပြောသည်။
ထိုနောက်တွင် ရာမောင်တံတားပေါ်မှ မိန်းကလေးတစ်ဦး ခုန်ဆင်းသွားသည်ဟုသိရှိခဲ့ရသဖြင့် သွားရောက်စုံစမ်းခဲ့ရာတွင် အဆိုပါမိန်းကလေးငယ်ဖြစ်နေသည်ဟု ၎င်းကဆက်လက်ပြောသည်။
“မိန်းကလေးတစ်ဦး ရာမောင်တံတားက ခုန်ဆင်းတယ်လို့ ပြောသံကြားတာပါ။ ကြည့်လိုက်တော့ ကိုယ့်သမီးဖြစ်နေတယ်။ ဖိနပ်လေးတစ်ရံပဲ ကျန်ခဲ့ပါတယ်။ ကျမ သူ့အမေကိုရော မေးကြည့် ပြီးပြီ။သူ့ အမေနဲ့လည်း စကားမများခဲ့ဘူး”ဟု ဒေါ်ဌေးမေကပြောသည်။
လက်ရှိတွင် ရာမောင်တံတားပေါ်မှခုန်ဆင်းသွားသည့် အဆိုပါမိန်းကလေးငယ်ကို အမ်းသားကျေးရွာသားများအပြင် မင်းပြားဒေသခံများမှာ စက်လှေများဖြင့်ရှာဖွေနေပြီး ညနေ ၄ နာရီကျော်အချိန်ထိ ရှာဖွေမတွေ့ရှိသေးကြောင်း သိရသည်။