- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာအနီးတွင် လက်များကိုကြိုးတုတ်ခံထားရသည့် ရုပ်အလောင်းတစ်လောင်းတွေ့
ပေါက်တောမြို့နယ်၊ အနောက်ဖရုံကာကျွန်း၊ သဲခုံကျေးရွာမြစ်ကမ်းစပ်တွင် လက်များနှင့် ခန္ဓာကိုယ်များကို ကြိုးဖြင့်ချည်နှောင်ခံထားရသော သေဆုံးနေသည့် ရုပ်အလောင်းတစ်လောင်းကို ယနေ့(ဇူလိုင်လ ၈ ရက်နေ့) နံနက်ပိုင်းကတွေ့ရှိရသည်ဟု ဒေသခံများထံမှ သိရသည်။
08 Jul 2022
DMG ၊ ဇူလိုင် ၈
ပေါက်တောမြို့နယ်၊ အနောက်ဖရုံကာကျွန်း၊ သဲခုံကျေးရွာမြစ်ကမ်းစပ်တွင် လက်များနှင့် ခန္ဓာကိုယ်များကို ကြိုးဖြင့်ချည်နှောင်ခံထားရသော သေဆုံးနေသည့် ရုပ်အလောင်းတစ်လောင်းကို ယနေ့(ဇူလိုင်လ ၈ ရက်နေ့) နံနက်ပိုင်းကတွေ့ရှိရသည်ဟု ဒေသခံများထံမှ သိရသည်။
သေဆုံးနေသောရုပ်အလောင်းမှာ အမျိုးသားတစ်ဦးဖြစ်ပြီး မှောက်လျက်အနေအထားဖြင့်တွေ့ရကာ ပုတ်ပွနေပြီဖြစ်ကြောင်း သွားရောက်ကြည့်ရှုခဲ့သူ ဒေသခံတစ်ဦးကပြောသည်။
“မနက်ကတွေ့တော့ ကမ်းမှာတင်နေပြီ။ အရေပြားတွေအားလုံးလည်း စုတ်ပြဲပြီးတော့ကျွတ်နေတယ်။ ယောကျ်ားပါပဲ။ လက်ဖွဲ့တစ်ခုတော့ပါတယ်။ မျက်နှာက လုံးဝမှတ်လို့မရတော့ဘူး။ လုံးဝဖြူနေပြီ။ အရေခွံတွေလည်းကျွတ်လို့ပါ။ ကြိုးကတော့ လည်ပင်းမှာလည်း ပါတယ်ထင်တယ်။ ကြိုးကအရှည်ကြီး ၄ ပေလောက်ရှိတယ်။ အလောင်းကို မှောက်လျက်အနေအထားနဲ့တွေ့တာပါ။ မျက်နှာကိုလည်း မှန်းလို့ကိုမရတော့ဘူး။ ခန္ဓာကိုယ်ကလည်း အရေခွံတွေကျွတ်နေပြီ”ဟု သူကဆိုသည်။
အဆိုပါအမျိုးသားမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရှိသေးကြောင်း၊ လက်ရှိတွင် ယင်းအလောင်းကို တွေ့ရှိသည့်နေရာတွင်သာထားရှိထားပြီး ဆင်တက်မော်ကျေးရွာရဲစခန်းသို့ အကြောင်းကြားထားသည်ဟု ဒေသခံများထံမှ သိရသည်။
အလားတူ သဲခုံကျေးရွာအနီး ပြိုင်းတောင်ကျေးရွာနှင့် ချိုင်ပြင်ကျေးရွာကြားတွင်လည်း အလောင်းတစ်လောင်းတွေ့ရှိသည်ဟု သတင်းထွက်ပေါ်နေသော်လည်း DMG နှင့် အဆက်အသွယ်ရရှိခဲ့သော ဒေသခံများက အတိအကျဖြေကြားခြင်းမရှိကြပေ။
ထို့ကြောင့် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး DMG အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိပေ။