- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် မြို့ပေါင်း ၆၀ ခန့်ရှိလာ
တရုတ်ကြားဝင်ညှိနှိုင်းစေ့စပ်သည့် ဟိုင်ဂင်သဘောတူညီချက်နှင့်အတူ ရှမ်းမြောက်ဒေသတွင် တိုက်ပွဲဖြစ်ပွားမှု ရပ်တန့်နေသော်လည်း ကချင်၊ စစ်ကိုင်းနှင့် ရခိုင်အပြင် တခြားတိုင်းနှင့်ပြည်နယ်များတွင် တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်။
28 May 2024
DMG ၊ မေ ၂၈
ရှမ်းမြောက်ဒေသက အစပျိုးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း နိုင်ငံတစ်ဝန်းတွင် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ပေါင်း ၅၉ မြို့ထိရှိသည်ဟု BNI-Myanmar Peace Monitor က ထုတ်ပြန်သည်။
ရှမ်းမြောက်တွင် ၁၇ မြို့၊ ချင်းတွင် ၁၃ မြို့၊ ရခိုင်တွင် ၁၀ မြို့၊ စစ်ကိုင်းတွင် ၅ မြို့၊ ကရင်နီ(ကယား)တွင် ၅ မြို့၊ ကချင်တွင် ၄ မြို့ ၊ ရှမ်းပြည်တောင်းပိုင်းတွင် ၂ မြို့၊ ကရင်တွင် ၂ မြို့၊ ပဲခူးတိုင်းတွင် ၁ မြို့ဖြစ်ကြောင်း BNI ၏ သုတေသနမှတ်တမ်းတွင် ဖော်ပြသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “စစ်ဆင်ရေးဟာ ဗျူဟာမြောက်မှု၊ လက်နက်ပြည့်စုံမှု၊ ပူးပေါင်းပါဝင်မှု အားကောင်းသလို ဗျူဟာမြောက်မှုကလည်း အားသာချက်တွေ အများကြီးရှိတယ်။ ဆိုတော့ စစ်ကောင်စီရဲ့ အားနည်းချက်ကို ဆုပ်ကိုင်ပြီး အချိန်တိုအတွင်း သူတို့ရဲ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်သွားနိုင်တာပါ။ ဒီထပ်ပိုပြီးတော့လည်း တွေ့မြင်လာရအုံးမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
တရုတ်ကြားဝင်ညှိနှိုင်းစေ့စပ်သည့် ဟိုင်ဂင်သဘောတူညီချက်နှင့်အတူ ရှမ်းမြောက်ဒေသတွင် တိုက်ပွဲဖြစ်ပွားမှု ရပ်တန့်နေသော်လည်း ကချင်၊ စစ်ကိုင်းနှင့် ရခိုင်အပြင် တခြားတိုင်းနှင့်ပြည်နယ်များတွင် တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်။
AAအရှိန်မြှင့်ထိုးစစ်ကြောင့် ရခိုင်ဒေသတွင် မြို့နယ်အများအပြား လက်လွှတ်ဆုံးရှုံးခံထားရသော စစ်ကောင်စီသည် ညီနောင်သုံးဖွဲ့နှင့် ယခုလအတွင်း တွေ့ဆုံးဆွေးနွေးခဲ့သော်လည်း သဘောတူညီမှုမရဘဲ ဆွေးနွေးမှုပျက်ခဲ့ရသည်။
လက်ရှိတွင် AA က မောင်တောဒေသကိုထိန်းချုပ်ရေး ကြိုးပမ်းနေသည့်အပြင် ရခိုင်တောင်ပိုင်းစစ်မျက်နှာကိုလည်း စစ်ရှိန်မြှင့်ထားသည်။
“သီးခြားလွတ်လပ်တဲ့ ဒေသတစ်ခု ထူထောင်နိုင်ဖို့ သဘောမျိုးနဲ့ စစ်ရေးကို အရှိန်မြှင့်ပြီးတော့ တိုက်နေတာ။ ဒါကြောင့် ဒီနေ့အခါမှာ တရုတ်ဖိအားက ဘယ်လိုမှပြေလည်နိုင်မှာ မဟုတ်ဘူး။ AA က သူ့စစ်ရေး ရည်မှန်းချက် မအောင်မြင်သေးသမျှတော့ တိုက်နေအုံးမှာ” ဟု စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဖေသန်းက DMG ကို ဖြေကြားထားသည်။
တစ်နိုင်ငံလုံးမှာ တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်များကြောင့် ရှုံးမဲမဲနေသောစစ်ကောင်စီသည် ပြည်သူများကို ဉီးတည်ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို ကျူးလွန်လာနေသည်။
BNI မှတ်တမ်းအရ ၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ မေလ ၁၅ ရက်ထိ (၂) နှစ်ကျော်ကာလအတွင်း စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၁၅၄ ကြိမ်ကျူးလွန်ခဲ့ပြီး အရပ်သား ၁,၄၄၆ ဦးသေဆုံးခဲ့သည်။