မောင်တောတွင် လူမျိုးပေါင်းစုံမှအမျိုးသမီးများပါဝင်ပြီး အမျိုးသမီးများ အကြမ်းဖက်ခံရမှုပပျောက်ရေး ကမ်ပိန်းပြုလုပ်

အမျိုးသမီးများအကြမ်းဖက်ခံရမှုပပျောက်ရေးအတွက် ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ သားငါးဈေးတွင် ယနေ့နံနက်ပိုင်းက လက်ကမ်းစာစောင်များဖြန့်ဝေပြီး ကမ်ပိန်းပြုလုပ်ခဲ့သည်။

09 Dec 2021

DMG ၊ ဒီဇင်ဘာလ ၉

အမျိုးသမီးများအကြမ်းဖက်ခံရမှုပပျောက်ရေးအတွက် ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ သားငါးဈေးတွင် ယနေ့နံနက်ပိုင်းက လက်ကမ်းစာစောင်များဖြန့်ဝေပြီး ကမ်ပိန်းပြုလုပ်ခဲ့သည်။

အဆိုပါကမ်ပိန်းတွင် မောင်တောမြို့နယ်အတွင်းရှိ ရခိုင်၊ မွတ်ဆလင်၊ သက်၊ ဒိုင်းနက်၊ မြို၊ ခမီ၊ ဟိန္ဒူ၊ မရာမာကြီး စသည့်လူမျိုးပေါင်းစုံမှ အမျိုးသမီးများက ပါဝင်ဆင်နွဲခဲ့ကြသည်။

မောင်တောမြို့ရှိ တောက်ပသောရောင်ခြည်အမျိုးသမီးများအဖွဲ့ ဥက္ကဋ္ဌ မသန်းရီက “အမျိုးသမီးတွေ အကြမ်းဖက်မှုမခံရအောင်၊ အမျိုးသမီးတွေရဲ့ ဘဝဖွံ့ဖြိုးတိုးတက်လာအောင်လုပ်တာပါ။ ကျွန်မတို့ ဒေသမှာဆိုရင် အမျိုးသမီးတွေက ပိုပြီးတော့ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေရှိနေတယ်”ဟု ပြောသည်။

မောင်တောတွင်ပြုလုပ်ခဲ့သည့် အမျိုးသမီးများအကြမ်းဖက်ခံရမှုပပျောက်ရေးကမ်ပိန်းကို Women`s Network Rakhine State မှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။