- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
သံတွဲက အောက်ဆီဂျင်စက်ရုံ ၂၅ ရာခိုင်နှုန်းခန့် ရေနစ်မြုပ်သွားခဲ့သည်ဟုဆို
ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ ပြည်သူ့ဆေးရုံတွင် ကောင်စီမှ တည်ဆောက်ထားသော အောက်ဆီဂျင်စက်ရုံမှာ ရေကြီးမှုကြောင့် ၂၅ ရာခိုင်နှုန်းခန့် ရေနစ်မြုပ်သွားခဲ့ကြောင်း သိရသည်။
28 Jul 2021
DMG ၊ ဇူလိုင် ၂၈
ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ ပြည်သူ့ဆေးရုံတွင် ကောင်စီမှ တည်ဆောက်ထားသော အောက်ဆီဂျင်စက်ရုံမှာ ရေကြီးမှုကြောင့် ၂၅ ရာခိုင်နှုန်းခန့် ရေနစ်မြုပ်သွားခဲ့ကြောင်း သိရသည်။
အဆိုပါအောက်ဆီဂျင်စက်ကို ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့စတင်လည်ပတ်ခဲ့ပြီး တစ်နေ့ကို အောက်ဆီဂျင်အလုံး ၈၀ ထိထုတ်လုပ်နိုင်ခဲ့သည်ဟု သံတွဲမြို့ကိုဗစ်ကာကွယ်ရေးအတွက် အကူအညီပေးနေသည့် ဆရာတော်ဦးတေဇိန္ဒက DMG ကို မိန့်ကြားသည်။
“အောက်ဆီဂျင်စက်ကတော့ ကြိုးစားနေတဲ့ကြားထဲက နည်းနည်းတော့နစ်မြုပ်သွားတာပေါ့။ ၂၅ ရာခိုင်နှုန်းလောက်နစ်မြုပ်သွားတာပေါ့။ ဒီစက်ရုံက ၂၅ ရာခိုင်နှုန်းလောက်မြုပ်သွားတော့ ၇၅ ရာခိုင်နှုန်းလောက် အကောင်းတိုင်းပြန်ရတယ်။ မနေ့က အဲဒီစက်ရဲ့ကုမ္ပဏီကကနေဖုန်းဆက်လာတယ်လို့သိရတယ်။ ၂ နှစ်အာမခံရှိတဲ့အတွက် ဒါအားလုံးပြန်လုပ်ပေးမယ်လို့” ဟု ဆရာတော်က မိန့်ကြားသည်။
လက်ရှိ စက်ရုံတွင်အလုပ်လုပ်နေကြသူများမှာလည်း အောက်ဆီဂျင်ထုတ်လို့ရသေးသဖြင့် စက်ကိုပြန်ပြီး စမ်းသပ်ရန်အတွက် ပြင်ဆင်နေကြကြောင်း သိရသည်။
ယမန်နေ့က သံတွဲမြို့ရှိမြေနိမ့်ပိုင်းဒေသတွင် ၁၅ ပေခန့် ရေနစ်မြုပ်ခဲ့ပြီး အမြင့်ဒေသတွင်လည်း ၅ ပေခန့် ရေနစ်မြုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ရေဝင်ရောက်မှုရှိခဲ့သည့် သံတွဲဆေးရုံတွင် ပရဟိတအဖွဲ့အစည်းများ၊ ကောင်စီအဖွဲ့အစည်းများနှင့် အခြားသောအဖွဲ့အစည်းများက လာရောက် သန့်ရှင်းရေးလုပ်ဆောင်နေကြကြောင်းလည်း သိရသည်။
ရေကြီးမှုကြောင့် လူသေဆုံးမှုများ မရှိခဲ့သော်လည်း ရေဘေးသင့်ပြည်သူများမှာ အစားအသောက်များ အရေးပေါ်လိုအပ်လျက်ရှိနေကြောင်း သိရသည်။
သက်ဆိုင်တာဝန်ရှိသူများမှ ပြည်သူ့များနှင့်ပူးပေါင်းပြီး ရေသေးသင့်သူများအတွက် စားဝတ်နေရေးကိုဖြေရှင်းပေးစေလိုကြောင်းလည်း ဆရာတော်ဦးတေဇိန္ဒက မိန့်ကြားသည်။