- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
KNU တပ်မဟာ(၁)နယ်မြေတွင် တိုက်ပွဲများကြောင့် ဒေသခံနှစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေအတွင်း မြန်မာစစ်တပ်နှင့်တိုက်ပွဲဖြစ်ပွားမှုကြောင့် နေအိမ်အချို့ပျက်စီးခဲ့ပြီး ဒေသခံနှစ်သောင်းကျော်မှာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
05 Mar 2022
DMG ၊ မတ် ၅
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေအတွင်း မြန်မာစစ်တပ်နှင့်တိုက်ပွဲဖြစ်ပွားမှုကြောင့် နေအိမ်အချို့ပျက်စီးခဲ့ပြီး ဒေသခံနှစ်သောင်းကျော်မှာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
KNU တပ်မဟာ(၁)နယ်မြေသို့ မြန်မာစစ်တပ်မှ အင်အားတိုးချဲ့ပြီးဝင်ရောက်လာမှုကြောင့် ပြီးခဲ့သည့်ဖေဖေါ်ဝါရီလအတွင်းက နှစ်ဖက်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း KNU တပ်မဟာ(၁)မှ တာဝန်ရှိသူတစ်ဦးက DMG ကိုပြောသည်။
"စစ်ကောင်စီတပ်တွေ နယ်မြေချဲ့လာတာနဲ့ အင်အားတိုးချဲ့မှုတွေကနေ တိုက်ပွဲအဓိကဖြစ်ပွားတယ်။ ပြီးတော့ ဒီ(KNU)ဘက်ကလည်း စစ်ကောင်စီတပ်စွဲတဲ့စခန်းတွေကို သွားရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တာရှိပါတယ်"ဟု ၎င်းမှပြောသည်။
ထိုတိုက်ပွဲများအတွင်း မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုများကြောင့် နေအိမ်(၄)လုံးကျော် မီးလောင်ပျက်စီးခဲ့ကာ ဒေသခံ ၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်းလည်း သတင်းရင်းမြစ်များကဆိုသည်။
တိုက်ပွဲများ မကြာခနဖြစ်ပွားမှုကြောင့် ဒေသခံနှစ်သောင်းကျော်မှာ နီးစပ်ရာတောတောင်များတွင် လက်ရှိအချိန်အထိ စစ်ဘေးခိုလှုံနေကြရပြီး စားနပ်ရိက္ခာနှင့်ဆေးဝါးများ အခက်အခဲများစွာရှိနေကြောင်း ကရင်စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
"အခုအထိ တိုက်ပွဲတွေကထပ်ဖြစ်ပွားနေတာရှိပါတယ်။ ဒေသခံတွေအနေနဲ့ နှစ်သောင်းကျော်က အခုအထိ နေအိမ်တွေကိုပြန်မရသေးဘူး။ စားနပ်ရိက္ခာတွေနဲ့ ကျန်းမာရေးအတွက်ဆေးဝါးတွေ လိုအပ်မှုများရှိနေပါတယ်" ၎င်းမှဆိုသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းက မွန်ပြည်နယ် သထုံ၊ ဘီလင်း မြို့နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့တို့၌ မြန်မာစစ်တပ်နှင့် တိုက်ပွဲ (၄၇)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှု အကြိမ်(၆၀)ကျော်ရှိခဲ့ကြောင်း KNU တပ်မဟာ(၁)မှ သိရသည်။