- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ကျေးရွာကိုစွန့်ခွာခဲ့ရသည့် တမာခေါကျေးရွာသားများ အကူအညီလိုအပ်နေ
စစ်ကောင်စီကဖိအားပေး၍ ကျေးရွာမှပြောင်းရွှေ့ထွက်ပြေးခဲ့ရသည့် ပဲခူးတိုင်း၊ မုန်းမြို့နယ် တမာခေါကျေးရွာမှ ဒေသခံ(၃၀၀)ကျော်မှာ လက်ရှိတွင် စားနပ်ရိက္ခာ၊ နေထိုင်စရာနှင့် အဝတ်အထည်များ အရေးပေါ်လိုအပ်နေကြောင်း ဒေသခံအရပ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။
17 Sep 2022
DMG ၊ စက်တင်ဘာ ၁၇
စစ်ကောင်စီကဖိအားပေး၍ ကျေးရွာမှပြောင်းရွှေ့ထွက်ပြေးခဲ့ရသည့် ပဲခူးတိုင်း၊ မုန်းမြို့နယ် တမာခေါကျေးရွာမှ ဒေသခံ(၃၀၀)ကျော်မှာ လက်ရှိတွင် စားနပ်ရိက္ခာ၊ နေထိုင်စရာနှင့် အဝတ်အထည်များ အရေးပေါ်လိုအပ်နေကြောင်း ဒေသခံအရပ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။
စက်တင်ဘာလ ၁၂ ရက်နေ့က တမာခေါကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့်ဝင်ရောက်လာပြီး ကျေးရွာသားများကို နေရာရွှေ့ပြောင်းခိုင်းသဖြင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု မုန်းဒေသ ကရင်လူငယ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ရွာထဲကို စစ်တပ်ကအင်အား အလုံးအရင်းနဲ့ဝင်လာပြီးတော့ ရွာထဲကလူတွေ အကုန်နေရာရွှေ့ပေးရမယ်လို့ပြောတယ်။ အနီးအနားမှာ တိုက်ပွဲဖြစ်ပွားနေတာလည်း မရှိဘူး။ အုပ်ချုပ်ရေးအဖွဲ့တွေကိုပါ အသိမပေးပဲ အတင်းရွှေ့ခိုင်းတာ။ ရွာထဲက ဒေသခံအကုန်လုံးနီးပါး ထွက်ပြေးခဲ့ရတယ်”ဟု ၎င်းကဆိုသည်။
စစ်ကောင်စီတပ်က ဖိအားပေးရွှေ့ပြောင်းခိုင်းမှုကြောင့် တမာခေါကျေးရွာမှ လူဦးရေ(၃၃၄)ဦးမှာ တောင်စုကျေးရွာနှင့် စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ နိုဘိုးခီးကျေးရွာများသို့ တိမ်းရှောင်နေရကြောင်း သိရသည်။
ကရင်အရပ်ဖက်အဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးက “အခုတရွာလုံးနီးပါး အကုန်ကြောက်ပြီးပြေးရတာ။ သူတို့အတွက် စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေ နေထိုင်စရာတွေအတွက် အရေးပေါ်လိုအပ်နေပါတယ်။ နေဖို့အတွက်တော့ ကေအန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ တောင်စုနဲ နိုဘိုခီးမှာ နေရာချပေးထားတယ်”ဟု ပြောသည်။
ကေအန်ယူ တပ်မဟာ(၃) ထိန်းချုပ်နယ်မြေဖြစ်သည့် ရွှေကျင်၊ ကျောက်ကြီးနှင့် မုန်းဒေသအတွင်းရှိကျေးရွာများသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်ကင်းထောက်ခြင်းအပါအဝင် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးဝင်ရောက်မှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကေအဲန်ယူ တပ်မဟာ(၃) ထိန်းချုပ်နယ်မြေဖြစ်သည့် မုန်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဒေသခံစုစုပေါင်း(၆၂၁၆)ဦးအထိ စစ်ဘေးရှောင်တိမ်းနေရကြောင်း ကေအန်ယူ-ဗဟိုမှ သတင်းထုတ်ပြန်ထားသည်။