- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဘူးသီးတောင်တွင် မွတ်ဆလင်တစ်ဦး မိုင်းထိမှန်ဒဏ်ရာရ
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာအုပ်စု၊ တောင်ရွာ(မွတ်ဆလင်)အမျိုးသား တစ်ဦးမှာ ယမန့်နေ့ (ဒီဇင် ဘာ၂) ရက်နေ့ ညနေ့ ၃ နာရီခန့်က မိုင်းနင်းမိပြီး ဒဏ်ရာ ရရှိသွားကြောင်း ကျေးရွာတာဝန် ရှိသူများထံမှ သိ ရသည်။
03 Dec 2022
မိုင်းနင်းမိပြီး ဒဏ်ရာရရှိသူ ကိုအာဘော်နူ အားယူဆောင်လာမှုကိုတွေ့ရစဉ်။ ဓာတ်ပုံ - Ro Nay San Lwim
DMG | ဒီဇင်ဘာ ၃
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာအုပ်စု၊ တောင်ရွာ(မွတ်ဆလင်)အမျိုးသား တစ်ဦးမှာ ယမန့်နေ့ (ဒီဇင် ဘာ၂) ရက်နေ့ ညနေ့ ၃ နာရီခန့်က မိုင်းနင်းမိပြီး ဒဏ်ရာ ရရှိသွားကြောင်း ကျေးရွာတာဝန် ရှိသူများထံမှ သိ ရသည်။
ဒဏ်ရာရရှိသည့် အမျိုးသားမှာ အသက် (၃၅) နှစ်အရွယ် ကိုအာဘော်နူ (ဘ) ဦးအာမင် ဖြစ်ပြီး ကျေးရွာ အနောက် ဖက် ၁ မိုင်ခန့်အကွာရှိ မေယုတောင်သို့ ထင်းခုတ်သွားစဉ် လယ်ကွင်းတွင် မိုင်းနင်းမိကာ ညာဖက်ခြေတွင် ဒဏ်ရာ ရရှိသွားခြင်းဖြစ်ကြောင်း ဂူတာပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးကျော်လှ က DMG သို့ပြောသည်။
“ သူက မနေ့က ရွာအနောက်ဖက်က မေယုတောင်ကို ထင်းခုတ်သွားတာ။ တောင်ကိုမရောက်ခင် လယ်ကွင်း မှာ မိုင်းနင်းပြီးတော့ ဒဏ်ရာရရသွားတာ။ ဒဏ်ရာကတော့ ညာဖက်ခြေထောက်မှာ ရသွားတယ်။ တခြား ဒဏ်ရာရ တာတော့ မရှိဘူး ” ဟု ကဆိုသည်။
လက်ရှိတွင် မိုင်းနင်းပြီး ဒဏ်ရာရရှိသွားသည့် ကိုအာဘော်နူ မှာ မောင်တောခရိုင် ဆေးရုံတွင် ကုသမှုခံယူနေ ကြောင်း သိရသည်။
အဆိုပါ ကျေးရွာအနီးတွင် ယခင်က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ ဖြစ်ပွားမှုရှိပြီး လက်ရှိအချိန်ထိ မြန်မာစစ်တပ်က တပ်စွဲထားမှုများရှိကြောင်းလည်း ကျေးရွာသား များက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ဧပြီလ ၈ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ တောင်ရွာ(မွတ်ဆလင်)ကျေးရွာအနီးတွင် မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
DMG မှ ကောက်ယူထားသည့် စာရင်းအရ ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်တို့တွင် လက်နက်ကြီး၊ လက်နက်ငယ် ကျည်ထိမှန်မှု၊ မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုတို့ကြောင့် စက်တင်ဘာလအတွင်း သေဆုံးသူ ၃ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၂၃ ဦးရှိခဲ့ပြီး အောက်တိုဘာလအတွင်း သေဆုံးသူ ၁၁ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၃၁ ဦးအထိ ရှိခဲ့သည်။