- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်ဒေသတွင် လာမည့် ရက်ပိုင်းအတွင်း မိုးကြီးနိုင်ကြောင်း မိုးဇလပြော
ရခိုင်ပြည်ရှိ နေရာအသီးအသီးတွင် လာမည့် နောက် ၂ ရက်အတွင်း မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
02 Jul 2022
DMG ၊ ဇူလိုင် ၂
ရခိုင်ပြည်ရှိ နေရာအသီးအသီးတွင် လာမည့် နောက် ၂ ရက်အတွင်း မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
ထိုသို့ မိုးကြီးရခြင်းမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေသည့်အတွက်ဖြစ်ကာ ရေကြီးရေလျှံမှုများလည်းဖြစ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးလှထွန်းက DMG သို့ပြောသည်။
“မုတ်သုန်လေအားကောင်းလို့ မိုးကြီးနိုင်တာပါ။ မုန်တိုင်းတွေဘာတွေတော့ မရှိပါဘူး။ မိုးကြီးတော့ ချောင်းတွေ၊ မြောင်းတွေမှာ ရေလျှံတာ တွေတော့ရှိမယ်။ ဇူလိုင်လဆိုတာက မိုးရွာတဲ့အချိန်ပဲလေ။ ရခိုင်ကမ်းရိုးတန်းဒေသက ဒီလို မုတ်သုန်ရာသီဆို မိုးရွာတာများတာပေါ့။ မိုးကြီးရင်တော့ ပြည်သူတွေနဲ့ ရေကြီး၊ ရေလျှံနဲ့ပတ်သက်ပြီးတော့ သတိထားစေချင် တယ် ” ဟု ဦးလှထွန်းက ဆိုသည်။
ထိုသို့ ရေကြီးရေလျှံမှုများဖြစ်လာနိုင်သည့်အတွက် ရခိုင်ကမ်းရိုးတန်တွင် နေထိုင်သူတို့အနေဖြင့် သတိထားရမည်ဟုလည်း ဦးလှထွန်းက မှာကြားသည်။
ယင်းအပြင် နောက် ၂ ရက်အတွင်း ရခိုင်ပြည်အပါအဝင် ကရင်၊ မွန်၊ ပဲခူး၊ ရန်ကုန် စသည့် နေရာများတွင်လည်း ရာနှုန်းပြည့် မိုးရွာသွန်းမည်ဖြစ်ပြီး မိုးပိုကြီးနိုင်ကြောင်းလည်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာ့ပင်လယ်ပြင်၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီကမ်းရိုး တန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့် အတင့်မှ လှိုင်းကြီးနိုင်ကြောင်း ဆိုသည်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိတိုက်ခတ်နိုင်ပြီး လှိုင်းးအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပ င်လယ်ပြင်တို့ တွင် (၇) ပေမှ (၉) ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅) ပေမှ (၇) ပေခန့် ရှိနိုင်ကြောင်း မိုးဇလ ထုတ်ပြန်ချက်အရ သိရသည်။