- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မောင်တောမြို့နယ်မြောက်ပိုင်းတွင် ရေကြီးပြီး ရွာချင်းဆက် တံတား ၄ စင်းအထိပျက်စီးနေ၍ ကျေးရွာပေါင်း ၃၀ ခန့် သွားလာရေးခက်ခဲနေ
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ရေကြီးပြီး ရွာချင်းဆက်တံတား ၄ စင်းအထိပျက်စီးနေ၍ ကျေးရွာပေါင်း ၃၀ ကျော် သွားလာရေးခက်ခဲလျက်ရှိကာ အစားအသောက်များလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။
28 Jul 2021
DMG ၊ ဇူလိုင် ၂၈
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ရေကြီးပြီး ရွာချင်းဆက်တံတား ၄ စင်းအထိပျက်စီးနေ၍ ကျေးရွာပေါင်း ၃၀ ကျော် သွားလာရေးခက်ခဲလျက်ရှိကာ အစားအသောက်များလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။
တမန်းသားကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့်က "အားလုံးတံတား ၄ စင်းပျက်နေတော့ ဝက်ကျိန်းကနေ မြောက်ပိုင်းကျေးရွာ ၃၀ လောက်ကို ဘယ်လိုမှသွားလို့ မရနိုင်တော့ဘူး။အခုကတော့ ရှိတာလေးတွေနဲ့ စားသောက်နေရပေမယ့် အချိန်ကြာလာရင်တော့ ရိက္ခာပြတ်ပြီးအခက်တွေ့ကြတော့မယ်" ဟု ပြောသည်။
ရွာချင်းဆက်တံတားများဖြစ်ကြသော တမန်းသားတံတား၊ လက်ယာချောင်းတံတား၊ ဘောက်ရွာတံတားတို့မှာ ဇူလိုင် ၂၇ ရက်နေ့တွင် ရေစီးနှင့်မျောပါသွားခဲ့ပြီး ဝက်ကျိန်းတံတားမှာ ယနေ့ ဇူလိုင် ၂၈ ရက်တွင် ရေစီးကြောင့် ပျက်စီးကာ ကားများသွားလာ၍ မရတော့ကြောင်း သိရသည်။
"ဘယ်လိုမှသွားမရတော့ဘူး။ ကြိမ်ချောင်းအလွန်က ဝက်ကျိန်တံတားလည်းပျက်စီးသွားပြီ။ တံတားကို ကားကျော်ဖို့မလွယ်တောဘူး။ ကျော်နိုင်ရင်တာင် လမ်းတွေအားလုံးက ရေနစ်မြုပ်နေတော့ ဘယ်လိုမှသွားမရနိုင်ဘူး" ဟု မောင်တောမြောက်ပိုင်းသို့ ပြေးဆွဲနေသော ကားဆရာကိုမြင့်သိန်းက ဆိုသည်။
မောင်တောမြို့နယ်မြောက်ပိုင်းတွင် ရေကြီးပြီး ဇူလိုင် ၂၇ ရက်နေ့နေ့မှစ၍ ကျေးရွာ ၉ ရွာမှ အိမ်ခြေ ၅၀၀ ကျော်ခန့်မှာလည်း ရေဘေးဒဏ်ခံနေကြရကြောင်း သိရသည်။
ရေနစ်မြုပ်နေသော ကျေးရွာ ၉ ရွာမှ လူဦးရေ ၁၇၅၇ ဦးအတွက် တစ်ဦးလျှင် ဆန် ၂ ဗူးနှင့် တစ်ပတ်စာထောက်ပံ့မှုပြုလုပ်ရန် သွားရောက်နေကြောင်း မောင်တောမြို့ ဘေးစီမံဦးစီးဌာနမှ သိရသည်။
မြို့နယ်ဘေးစီမံဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ကြီးက "ဆန်ရိက္ခာတစ်ပတ်စာထောက်ပံ့ဖို့ သွားနေကြတယ်။ ကြိမ်ချောင်းကနေတစ်ဆင့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ဆက်သွယ်ပြီး ထောက်ပံ့ပေးသွားမှာ" ဟု ပြောသည်။
တံတားများပျက်စီးနေသည့်အတွက် မောင်တောမြို့နယ်မြောက်ပိုင်းရှိ မြဝတီ၊ သက်ကိုင်ညှာ၊ နတ်ချောင်း၊ နန်းရာကိုင်း၊ တမန်းသား၊ဒသစ်တုံးနားခွဆုံ၊ မင်းခမောင်း၊ ခမောင်းဆိပ် အပါအဝင် ကျေးရွာပေါင်း ၃၀ ကျော်မှာ သွားလာရေးခက်ခဲလျက်ရှိနေသည်။