- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဗဟိုဘဏ်ဒု-ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ နေအိမ်တွင် သေနတ်ဖြင့်အပစ်ခံရ
မြန်မာနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒေါ်သန်းသန်းဆွေမှာ ယနေ့(ဧပြီ ၇ ရက်)နံနက်ပိုင်းက ၎င်း၏နေအိမ်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။
07 Apr 2022
DMG ၊ ဧပြီ ၇
မြန်မာနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒေါ်သန်းသန်းဆွေမှာ ယနေ့(ဧပြီ ၇ ရက်)နံနက်ပိုင်းက ၎င်း၏နေအိမ်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။
ဒေါ်သန်းသန်းဆွေနေထိုင်သည့် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုဏ်ရိပ်မွန်အိမ်ရာရှိ တိုက်အမှတ်(၅)သို့ အမည်မသိသူမှ သေနတ်ဖြင့်လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းအိမ်ရာအတွင်းနေထိုင်သူတစ်ဦးမှပြောသည်။
"မနက်က သေနတ်ပစ်ခံရတဲ့ အသံကြားရတယ်။ ဘယ်သူတွေလာပြီး သေနတ်နဲ့ပစ်သွားလဲကိုတော့ မသိဘူး"ဟု ၎င်းကဆိုသည်။
ထိုသို့ပစ်ခတ်မှုကြောင့် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌမှာ ဆေးကုသမှုခံယူနေရပြီး အသက်အန္တရာယ်ထိခိုက်မှုရှိ၊မရှိကို မသိရသေးပေ။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရွှေဂုဏ်ရိပ်မွန် အိမ်ရာအနီးတဝိုက်တွင် စစ်တပ်နှင့်ရဲမှ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဗဟန်းမြို့နယ် ဒေသခံတစ်ဦးမှပြောသည်။
"ဗဟိုဘဏ်ဒုဥက္ကဋ္ဌ သေနတ်နဲ့ပစ်ခတ်ခံရပြီးတော့မကြာဘူး အိမ်ရာအနီးတဝိုက်ကို စစ်တပ်တွေ၊ ရဲတွေလာပြီး စစ်ဆေးတာတွေရှိခဲ့ပါတယ်"ဟု ၎င်းမှဆိုသည်။
ယခုပစ်ခတ်မှုနှင့်ပတ်သက်ပြီး လတ်တလောတွင် မည်သည့်အဖွဲ့အစည်းမှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။