- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်တပ်က ဝင်ရောက်လာမှုကြောင့် ထားဝယ်မြို့နယ်မှ ဒေသခံ ၃၀၀ ကျော် နယ်စပ်သို့တိမ်းရှောင်
ထိုင်း-မြန်မာနယ်စပ်ဒေသဖြစ်သည့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ကားလမ်းလအနီးရှိ ကျေးရွာများသို့ မြန်မာစစ်တပ်က အင်အားအများအပြားဖြင့်ဝင်ရောက်လာမှုကြောင့် ဒေသခံများမှာ နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
24 May 2022
DMG၊ မေ ၂၄
ထိုင်း-မြန်မာနယ်စပ်ဒေသဖြစ်သည့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ကားလမ်းလအနီးရှိ ကျေးရွာများသို့ မြန်မာစစ်တပ်က အင်အားအများအပြားဖြင့်ဝင်ရောက်လာမှုကြောင့် ဒေသခံများမှာ နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ထားဝယ်-မေတ္တာ-ထီးခီးလမ်းမအနီးရှိ ဝါးတော၊ အိုင်ဝိုင်း၊ ဆင်ဖြူတိုင်၊ ထီးထနှင့် လောအောကျေးရွာများသို့ မေလ ၂၃ ရက်နေ့တွင် ထားဝယ်မြို့အခြေစိုက် တပ်ရင်း ၁၀၃ နှင့် တပ်ရင်း ၃၈၂ တို့မှ စစ်သားအင်အား အများအပြားဖြင့် ဝင်ရောက်လာ၍ ဒေသခံများထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်ကူညီရေး အဖွဲ့ဝင်တစ်ဦးမှ ပြောသည်။
"ကျေးရွာ ၅ ခုကို စစ်တပ်က အင်အားအများကြီးနဲ့ စစ်ကြောင်းထိုးလာတယ်။ အင်အား ၂၀၀ ကျော်တယ်။ ထားဝယ်အခြေစိုက်က တပ်ရင်းနှစ်ခုပေါ့။ လောလောဆယ် ဒေသခံရွာသား ၃၀၀ ကျော်လောက် ထိုင်း-မြန်မာနယ်စပ်ကို တိမ်းရှောင်လာပါတယ်"ဟု ၎င်းကဆိုသည်။
ထိုသို့တိမ်းရှောင်လာသည့် ဒေသခံများထဲမှ ဝါးတောကျေးရွာသား ၁၆၈ ဦးမှာ ထိုင်းနယ်စပ်သို့ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း ထိုင်းနယ်ခြားစောင့်တပ်မှ တားမြစ်ခဲ့ကြောင်း ဒေသလူမှုကူညီရေး ဆောင်ရွက်နေသူများထံမှ သိရသည်။
“ထိုင်းနယ်စပ် ဘောတီကိုဝင်ဖို့ကြိုးစားတဲ့ ဝါးတောရွာသား ၁၆၀ ကျော်ကို ထိုင်းနယ်ခြားစောင့်တပ်က ဝင်ခွင့်မပြုဘူးဆိုပြီး အတားခံရတယ်။ အဲဒါကြောင့် မြန်မာဘက်အခြမ်းမှာပဲ ဖြစ်သလိုတိမ်းရှောင်နေရပါတယ်။ လိုအပ်တဲ့အဝတ်အထည်နဲ့ ရိက္ခာတွေကို အရောက်ပို့နိုင်ဖို့ကြိုးစားနေပါတယ်။ နေထိုင်ဖို့အတွက်ကတော့ တော်တော်လေးခက်ခဲနေပါတယ်"ဟု လူမှုကူညီရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံ ၃၀၀ ကျော်မှာ မြန်မာဘက်ခြမ်းနယ်စပ်တွင် အဆင်ပြေသလို နေထိုင်နေကြကြောင်း သိရသည်။
ထားဝယ်မြို့နယ်တွင် မြန်မာစစ်တပ်နှင့် KNDF ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများကြောင့် လက်ရှိအချိန်ထိ နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ဒေသခံ ၃၀၀၀ ကျော်အထိရှိကြောင်း တနင်္သာရီဒေါနစစ်ရှောင်ကူညီရေး လုပ်ဆောင်သူများထံမှ သိရသည်။