- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဓါတ်ဆီဈေးမြင့်တက်နေသည့်အတွက် စစ်တွေမြို့မှ သုံးဘီးယာဉ်မောင်းများ မိသားစုစားဝတ်နေရေးအခက်အခဲဖြစ်လာ
ဓါတ်ဆီဈေးမြင့်တက်နေသည့်အတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ သုံးဘီးမောင်းနှင်သူများမှာ အခက်အခဲဖြစ်လာနေသဖြင့် ၎င်းတို့၏ မိသားစုစားဝတ်နေရေးအတွက်လည်း ထိခိုက်မှုရှိနေကြောင်း သတင်းရရှိသည်။
06 Oct 2021
DMG ၊ အောက်တိုဘာ ၆
ဓါတ်ဆီဈေးမြင့်တက်နေသည့်အတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ သုံးဘီးမောင်းနှင်သူများမှာ အခက်အခဲဖြစ်လာနေသဖြင့် ၎င်းတို့၏ မိသားစုစားဝတ်နေရေးအတွက်လည်း ထိခိုက်မှုရှိနေကြောင်း သတင်းရရှိသည်။
ဓါတ်ဆီဈေးမြင့်တက်လာ၍ စစ်တွေမြို့မှ သုံးဘီးမောင်းသူအချို့မှာ သုံးဘီးပြေးဆွဲမှုအား ရပ်နားလိုက်သူများလည်းရှိသည်ဟု သိရသည်။
သုံးဘီးပြေးဆွဲမှုအား ယာယီရပ်နားထားလိုက်သည့် ကိုသန်းဇော်က “ပထမဆီဈေးတက်လာတုန်းက ကျွန်တော်သုံးဘီးမောင်းခဲ့ပါသေးတယ်။ ဒါပေမဲ့အရှုံးပေါ်တယ်။ ဆီဈေးဖိုးတောင်မရဘူး။ အဲဒါနဲ့ ရပ်ထားလိုက်ရတယ်။ သုံးဘီးရပ်ထားတော့ အိမ်မှာ စားဝတ်နေရေးက အရမ်းကိုအကြပ်အတည်းနဲ့ရင်ဆိုင်ရတော့တာပေါ့”ဟု DMG သို့ ပြောသည်။
ယခင်ဓါတ်ဆီဈေးမတက်မီက သုံးဘီးတစ်နေကုန်ပြေးဆွဲလျှင် နှစ်သောင်းဝန်းကျင်ရရှိပြီး ယခုဓါတ်ဆီဈေးမြင့်တက်လာပြီးနောက် ခုနှစ်ထောင်ဝန်းကျင်သာရရှိတော့ကြောင်း မင်းဂံရပ်ကွက်မှ လက်ရှိ သုံးဘီးပြေးဆွဲနေသည့် ကိုအောင်စိုးလင်းကပြောသည်။
“ကျွန်တော်သုံးဘီးမောင်းလာတဲ့ သက်တမ်းလေးနှစ်မှာ အခုလောက်ဆိုးတာ မကြုံဖူးသေးပါဘူး"ဟု ၎င်းကဆိုသည်။
ယခုကဲ့သို့ ဓါတ်ဆီဈေးမြင့်တက်နေမှုအပေါ် ဈေးပြန်ကျစေလိုကြောင်း ကိုအောင်စိုးလင်းကဆက်ပြောသည်။
ဓါတ်ဆီဈေးမြင့်တက်လာသည်မှာ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းမှဖြစ်ပြီး ယင်းအချိန်က စစ်တွေမြို့တွင်း ဆီဆိုင်အချို့တွင် ဓါတ်ဆီ ၁ လီတာကို နှစ်ထောင်ကျော်အထိ ဈေးတင်ရောင်းချခဲ့ကြသည်။
ယနေ့ အောက်တိုဘာ ၆ ရက်နေ့တွင်မူ စစ်တွေမြို့ရှိ ဆီဆိုင်များ၌ ဒီဇယ် ၁ လီတာ ၁၅၇၀ ကျပ်၊ ပရီမီယံ ၁ လီယာ ၁၅၈၀ ကျပ်၊ အောက်တိန်း 95 ၁ လီတာ ၁၆၈၀ ကျပ်နှင့် အောက်တိန်း 92 တစ်လီတာ ၁၅၇၀ ကျပ်ဖြင့် ရောင်းချနေကြသည်။