- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင်ပြေးဆွဲနေသည့် ခရီးသည်တင်ကားများနှင့် ရေယာဉ်များကို ကိုဗစ်စည်းကမ်းနှင့်အညီ ပြေးဆွဲခွင့်ပြုထားကြောင်းပြော
ရခိုင်ပြည်အတွင်း ပြေးဆွဲလျှက်ရှိသည့် ခရီးသည်တင်ကားများနှင့် ရေယာဉ်များကို ပိတ်ပင်ထားခြင်းမရှိဘဲ ကိုဗစ်စည်းကမ်းနှင့်အညီ ပြေးဆွဲခွင့်ပြုထားကြောင်း ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်က DMG ကိုပြောသည်။
17 Aug 2021
DMG ၊ သြဂုတ် ၁၇
ရခိုင်ပြည်အတွင်း ပြေးဆွဲလျှက်ရှိသည့် ခရီးသည်တင်ကားများနှင့် ရေယာဉ်များကို ပိတ်ပင်ထားခြင်းမရှိဘဲ ကိုဗစ်စည်းကမ်းနှင့်အညီ ပြေးဆွဲခွင့်ပြုထားကြောင်း ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်က DMG ကိုပြောသည်။
လက်ရှိတွင် ကားများမှာ ပုံမှန်ပြေးဆွဲလျှက်ရှိနေပြီး COVID-19 ကာလအတွင်း သတ်မှတ်ထားသည့် ကပ်ရောဂါစည်းကမ်းနှင့်အညီ ပုံမှန်လူဦးရေထက်လျော့ချကာ ပြေးဆွဲစေသည့်အတွက် ကားဈေးနှုန်းမြင့်တက်ရခြင်းများရှိသည်ဟု ရဲမှူးကြီးသက်လွင်က ပြောသည်။
“လောလောဆယ်တော့ ကားတွေကတော့ ပုံမှန်ပြေးနေတာပေါ့။ တစ်ချို့ကကားခတွေဈေးနှုန်း ၃ ဆ တက်တယ်လို့ပြောတာတွေရှိတယ်။ အဲဒါတွေကတော့ ဒီ COVID ကာလမှာ သူတို့ကသတ်မှတ်ထားတဲ့ခုံတွေပေါ့။ လူ ၃၀ တင်ရမဲ့ဟာကို ၁၀ ယောက်တည်းတင်တာမျိုးတွေလုပ်လို့ ဈေးကတော့မြင့်တက်သွားတယ်လို့သိရတယ်။ လက်ရှိကတော့ကားတွေ ပုံမှန်ပြေးဆွဲနေကြပါတယ်။ ဒီအပေါ်မှာမူတည်ပြီးတော့မှ ကုန်စည်ပို့ဆောင်တာတွေ နည်းနည်းကျဲ့သွားတာပေါ့”ဟု ၎င်းကပြောသည်။
လက်ရှိရခိုင်ပြည်တွင် ကုန်းလမ်းပြေးဆွဲနေသည့်ကားများသည် စစ်တွေ-ပုဏ္ဏားကျွန်း-ကျောက်တော်-မြောက်ဦး-မင်းပြား အစရှိသည့်မြို့နယ်များကို ပြေးဆွဲနေကြောင်း သိရသည်။
ယင်းကဲ့သို့ပုံမှန်ပြေးဆွဲနေသည့် ခရီးသည်တင်ကားများမှာ ကားတစ်စီးလျှင် ယခင်ကခရီးသည် ၁၀ ဦးအထက်တင်ခွင့်ရသော်လည်း ယခုအခါကိုဗစ်စည်းကမ်းချက်နှင့်အညီ ခရီသည် ၃ ဦးသာတင်ဆောင်ပြေးဆွဲနေရပြီး အသွားအပြန်ဆီဈေးနှုန်းကုန်ကျငွေနှင့် မကိုက်သည့်အတွက် ယာဉ်စီးခကို ပိုမိုကောက်ခံနေရခြင်းဖြစ်ကြောင်း မြောက်ဦး-စစ်တွေပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက DMG ကို ပြောကြားထားသည်။
ကိုဗစ်ကပ်ရောဂါထိန်းချုပ်ကာကွယ်ရန်အတွက် စစ်တွေ-မြေပုံ-ကျောက်ဖြူ ကစ္ဆပနဒီအမြန်ရေယာဉ်အား ယာယီရပ်နားထားခဲ့ရာမှ ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်နေ့က ပြန်လည်ပြေးဆွဲခွင့်ပေးထားကြောင်းလည်း ပြည်နယ်ကောင်စီမှသိရသည်။
စီးပွားရေးလုပ်ငန်းရှင်များပြေးဆွဲလျှက်ရှိနေသည့် ရွှေပြည်တန်၊ မလိခ၊ ပေါက်တောတံခွန် စသည့်ရေကြောင်းအမြန်ယာဉ်များမှာလည်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရန်အတွက် ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့က ယာယီရပ်ဆိုင်းထားခြင်းများရှိခဲ့ပြီး လက်ရှိတွင် အဆိုပါအမြန်ရေယာဉ်များ ပြေးဆွဲမည်ဆိုလျှင်လည်း ပြေးဆွဲခွင့်ပြုသည်ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်က DMG သို့ပြောကြားသည်။
“ကျနော်တို့ဖက်ကတော့ ရေကြောင်းအမြန်ရေယာဉ်တွေကို ပြေးဆွဲခွင့်ကို ဘာမှကန့်သတ်ထားတာတော့မရှိဘူး။ ကျန်းမာရေးကြောင့်ဆိုပြီးတော့ သူတို့ကရပ်ဆိုင်းထားတာ။ သူတို့အမြန်ရေယာဉ်တွေနဲ့ပတ်သက်ပြီးတော့ ပြေးဆွဲမယ်ဆိုရင်လည်း ပြေးဆွဲလို့ရတယ်” ၎င်းကပြောသည်။
လက်ရှိရပ်နားထားသည့် ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းမှာ စစ်တွေ-မြေပုံ-မင်းပြား၊ စစ်တွေ-ကျောက်ဖြူ-ကျောက်နီမော်-ရမ်းဗြဲ၊ စစ်တွေ-တောင်ကုတ်-မာန်အောင်၊ စစ်တွေ-ပေါက်တော၊ စစ်တွေ-မြောက်ဦး၊ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင် မြိုနယ်တို့ကိုပြေးဆွဲပြီး မလိခအမြန်ရေယာဉ်မှာလည်း စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်မြို့နယ်များသို့ ပြေးဆွဲကြခြင်းဖြစ်သည်။