- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကုန်ဈေးနှုန်းနှင့် စက်သုံးဆီဈေးမြင့်တက်မှုကြောင့် ကျော့ပိုက်လုပ်ငန်းရှင်များ အရှုံးနှင့်ရင်ဆိုင်နေရ
ကုန်ဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်နေခြင်းကြောင့် လုပ်ငန်းတွင်အရှုံးနှင့်ရင်ဆိုင်နေရသည်ဟု ရခိုင်ပြည်နယ်အတွင်းမှ ကျော့ပိုက်လုပ်ငန်းလုပ်ကိုင်သူများက ပြောဆိုကြသည်။
02 May 2022
DMG ၊ မေ ၂
ကုန်ဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်နေခြင်းကြောင့် လုပ်ငန်းတွင်အရှုံးနှင့်ရင်ဆိုင်နေရသည်ဟု ရခိုင်ပြည်နယ်အတွင်းမှ ကျော့ပိုက်လုပ်ငန်းလုပ်ကိုင်သူများက ပြောဆိုကြသည်။
ယခင်က စက်သုံးဆီတစ်ပေပါလျှင် ငွေကျပ်နှစ်သိန်းခန့်သာရှိရာမှ လက်ရှိတွင် စက်သုံးဆီတစ်ပေပါကို ခြောက်သိန်းပေးကာဝယ်နေရသည်ဟု လေးတောင်မြို့မှ ကျောပိုက်လုပ်ငန်းရှင် ဦးကျော်အေးကပြောသည်။
"ဒီနှစ်ကျော့ပိုက်က အရှုံးပေါ်ကြတယ်ဆိုတာကတော့ အဓိက ဆီးဈေး၊ကုန်ဈေးတွေ တက်တာကြောင့်ဖြစ်တယ်။ ငါးပုဇွန်ဈေးကတော့မဆိုးဘူး။ ဈေးကောင်းတယ်။ ဒါပေမဲ့ စက်သုံးဆီတွေနဲ့ ကုန်ဈေးတွေတက်တော့ ငါးရရှိမှုနဲ့ကုန်ကျမှုမကိုက်တာကြာင့် ရှုံးတာဖြစ်တယ်"ဟု ၎င်းကဆိုသည်။
လက်ရှိ ရခိုင်တွင် ငါးနီတူတစ်ပိသာကို ၅၅၀၀ ကျပ်အထိ ဈေးရရှိကြောင်း သိရသည်။
လေးတောင်မြို့မှ နောက်ထပ်ကျော့ပိုက်လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ကိုနွယ်မင်းကျော်က "အခုငါးတစ်ပိသာကို ၅၅၀၀ ကျပ်နှင့်ရောင်းရတာဟာ ကိုဗစ်ကာလက ၃၅၀၀ ကျပ်လောက်နဲ့ရောင်းရတာလောက် အဆင်မပြေဘူး။ အခုဆီတစ်ပေပါကို ခြောက်သိန်းဈေးရှိတယ်။ အဲဒီတုန်းက ဆီတစ်ပေပါကိုနှစ်သိန်းဝန်းကျင်ရှိတယ်။ ပြီးတော့ ကုန်ဈေးတွေအကုန်တက်တော့ ကျော့ပိုက်လုပ်ငန်းရှင်တွေထဲက ၇၅ ရာခိုင်နှုန်းဟာ အရှုံးပေါ်ကြတယ်"ဟု ပြောသည်။
အလားတူ သံတွဲမြို့နယ်မှ ကျော့ပိုက်လုပ်ငန်းရှင်များမှာလည်း ယခုနှစ် ဆီဈေးမြင့်တက်ပြီး ငါးရှားပါးလာခြင်းကြောင့် အရှုံးနှင့်ရင်ဆိုင်ကြရကြောင်း သိရသည်။
သံတွဲမြို့နယ် ကျော့ပိုက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ကိုလူကလေးက "ဒီနှစ်ရာသီက အရောင်းအဝယ်သွက်တာတစ်ခုဘဲရှိတယ်။ အကုန်လုံးကို ခြုံပြီးတွက်ကြည့်မယ်ဆိုရင် ကျော့ပိုက်လုပ်ငန်းရှင်တွေအကုန်လုံးက အရှုံးချည်းဘဲ။ ရှုံးရတဲ့အဓိက အချက်ကတော့ ဆီဈေးအဆမတန်မြင့်တာကြောင့်ဖြစ်တယ်"ဟု ဆိုသည်။
ကျော့ပိုက်လုပ်ငန်းရှင်များမှာ ယခင်ကိုဗစ်ကာလအတွင်းကလည်း အရှုံးနှင့်ရင်ဆိုင်ခဲ့ရကာ အချို့မှာလုပ်ငန်းရပ်နားရသည်အထိ ဖြစ်ခဲ့သည်။ လက်ရှိမှာလည်း ဆီဈေးနှင့် ကုန်ဈေးနှုန်းများမြင့်တက်နေ၍ ကျော့ပိုက်လုပ်ငန်းရှင်များမှာ အရှုံးနှင့်ရင်ဆိုင်နေကြရသည်။