- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဂုံးဈေးနှုန်းကျနေ၍ ဂုံးကောက်ယူရောင်းချနေသူများ အဆင်မပြေ
ကိုဗစ်ရောဂါနှင့် နိုင်ငံရေးအခြေအနေကြောင့် ယခုနှစ်တွင် ဂုံးဈေးများကျဆင်းလာသဖြင့် ဂုံးကောက်ယူရောင်းချနေသူများနှင့် ဂုံးမွေးမြူရေးလုပ်ကိုင်နေသူများမှာ အဆင်မပြေမှုများရှိနေကြောင်း သိရသည်။
27 Sep 2021
DMG ၊ စက်တင်ဘာ ၂၇
ကိုဗစ်ရောဂါနှင့် နိုင်ငံရေးအခြေအနေကြောင့် ယခုနှစ်တွင် ဂုံးဈေးများကျဆင်းလာသဖြင့် ဂုံးကောက်ယူရောင်းချနေသူများနှင့် ဂုံးမွေးမြူရေးလုပ်ကိုင်နေသူများမှာ အဆင်မပြေမှုများရှိနေကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ယခင်နှစ်များက ဂုံးတစ်ကီလိုလျှင် ၃၅၀၀ ကျပ်အထိဈေးရှိခဲ့သော်လည်း ယခုနှစ်တွင် ဂုံးတစ်ကီလိုလျှင် ၂၅၀၀ ကျပ်သာဈေးနှုန်းရှိကြောင်း ဂုံးရောင်းချသူများထံမှ သိရသည်။
ယင်းသို့ ဂုံးဈေးနှုန်းကျဆင်းလာ၍ ဂုံးမွေးမြူရေးလုပ်ကိုင်နေသူများမှာ လုပ်ငန်းအဆင်မပြေဖြစ်လာကြောင်း တောင်ကုတ်မြို့နယ် ခရိုင်ကျေးရွာမှ ဂုံးမွေးမြူရေးလုပ်ကိုင်သူ ကိုမောင်မောင်ရီက DMG သို့ ပြောသည်။
"ဂုံးဈေးတွေကကျတယ်။ ဒီနှစ်ထဲမှာ တစ်ကီလိုကို ၂၅၀၀ ဘဲရတယ်။ သားပေါက်ဝယ်ယူတာနဲ့ လုပ်အားအတွက် အခြေအနေမကောင်းဘူး။ အရင်းတိတိရဖို့တောင် မလွယ်ဘူး။ ဒီနှစ်က ဂုံးအသေအပျောက်လဲများတယ်"ဟု ၎င်းကဆိုသည်။
ယင်းအပြင် ဂုံးများရှားပါးခြင်းကြောင့်လည်း မြစ်ပြင်တွင် ဂုံးရှာဖွေသူများမှာ ယခင်နှစ်က လုတစ်ဦးတစ်နေ့ရှာဖွေလျှင် ဂုံး ၁၀ ကီလိုအထက်ရရှိကြသော်လည်း ယခုနှစ်တွင် တစ်နေ့လျှင် ၅ ကီလိုခန့်ရရှိရန်ပင် ခက်ခဲလာနေကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံခြားသို့ ဂုံးများတင်ပို့နေသည့် ကုန်သည်များမှာလည်း လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် တင်ပို့ရာတွင် အရှုံးနှင့်ရင်ဆိုင်နေရကြောင်း တောင်ကုတ်မြို့နယ်မှ ဂုံးရောင်းဝယ်ရေးပြုလုပ်နေသည့် ကိုရွှေမြကပြောသည်။
"ကျနော်တို့လဲ အရှုံးနဲ့ရင်ဆိုင်ရတယ်။ အခု ကုန်တင်ခဈေးတွေကမြင့်တက်သွားတာ၊ လမ်းတွေကကြန့်ကြာပြီး ဂုံးတွေကအသေအပျောက်များတယ်။ ထပ်ပြီး ဂုံးဈေးကနိမ့်တော့ ကျနော်တို့လဲ တော်တော်အခက်အခဲဖြစ်တယ်။ ဒီမှာကလဲ ဈေးကိုလျှော့လို့မရဘူး။ ဒီအတိုင်းရေရှည်ဆိုရင်အဆင်မပြေဖြစ်မှာသေချာတယ်"ဟု ၎င်းကဆိုသည်။
၂၀၁၉ ခုနှစ် ကိုဗစ်ရောဂါဖြစ်ပွားချိန်မှ စတင်ကာ ရခိုင်ပြည်နယ်အတွင်းက ငါး၊ ပုဇွန်၊ ဂဏန်း၊ ဂုံး စသည့်ရေထွက်ပစ္စည်း ရောင်းဝယ်ရေးပြုလုပ်သူများမှာ အရှုံးနှင့်ရင်ဆိုင်နေကြရပြီး လုပ်ငန်းရပ်နားလိုက်ရသည့် ကုန်သည်အချို့လည်းရှိကြောင်း သိရသည်။