- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရွှေဈေးမတည်ငြိမ်သည့်အခြေအနေကြောင့် ရွှေရောင်းအားများပြီး ဝယ်လိုအားနည်းပါးနေ
ရွှေဈေးမတည်ငြိမ်သည့်အခြေအနေကြောင့် အရောင်းအဝယ်ပိုင်းတွင် ရောင်းလိုအားများနေပြီး ဝယ်လိုအားနည်းပါးနေကြောင်း ရွှေဆိုင်များထံမှ စုံစမ်းသိရှိရသည်။
06 Oct 2021
DMG ၊ အောက်တိုဘာ ၆
ရွှေဈေးမတည်ငြိမ်သည့်အခြေအနေကြောင့် အရောင်းအဝယ်ပိုင်းတွင် ရောင်းလိုအားများနေပြီး ဝယ်လိုအားနည်းပါးနေကြောင်း ရွှေဆိုင်များထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့ အောက်တိုဘာလ ၅ ရက်နေ့က ပြည်တွင်းတွင် ရွှေတစ်ကျပ်သားကို ငွေကျပ်ဆယ့်ရှစ်သိန်းရှစ်သောင်းအထိ ဈေးကျသွားကာ ယနေ့(အောက်တိုဘာလ ၆ ရက်)နေ့တွင် ပြည်တွင်းရွှေတစ်ကျပ်သားကို ငွေကျပ်ဆယ့်ကိုးသိန်းရှစ်သောင်းခွဲအထိ ပြန်လည် မြင့်တက်လာခဲ့သည်။
“အရောင်းအဝယ်က ဘယ်လိုပြောရမလဲ၊ လူတွေလည်း သိမ်မရောက်ပါဘူး။ ရောင်းဖို့ဝယ်ဖို့ကလည်း၊ ရွှေဈေးက တရက်မှာကျရင်လည်း သိန်းဂဏန်းနဲ့ကျတယ်။ တက်ရင်လည်း သိန်းဂဏန်းတက်တော့ အရောင်းအဝယ်မဖြစ်ပါဘူး”ဟု မြင့်ရတနာရွှေဆိုင်မှ ကိုညဏ်ထွန်းအောင်ကပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်နေ့က ပြည်တွင်းတွင် ရွှေတစ်ကျပ်သားကို ငွေကျပ်နှစ်ဆယ့်နှစ်သောင်းအထိ ဈေးတက်ခဲ့သည်။
“အရောင်းအဝယ်ပိုင်းက ငွေလည်း တော်တော်လေးကျပ်ပါတယ်။ ဘဏ်ကလည်း ငွေတွေထုတ်မရဘူး။ ရောင်းလာတာတွေများလာပါတယ်။ ဝယ်တဲ့လူတွေက ဈေးထပ်ကျမှာကို စောင့်တယ်။ အဲဒါကြောင်း ရောင်းတဲ့လူတွေများပါတယ်”ဟု သိဒ္ဓိအောင် ရွှေဆိုင်မှ ကိုမျိုးမျိုုးကပြောသည်။
ယခင်က အရောင်းအဝယ်မျှသည့်အနေအထားကြောင့် ရန်ကုန်သို့ ရွှေများပို့ရသည့်အခြေအနေမရှိခဲ့သော်လည်း လက်ရှိတွင် ရန်ကုန်သို့တင်ပို့ရသည့်အခြေအနေဖြစ်နေကြောင်း ကိုမျိုးမျိုးက ဆက်ပြောသည်။
“အရင်ကဆိုရင် ကျနော်တို့မှာက အရောင်းနဲ့အဝယ်မျှတယ်။ ရန်ကုန်ကို ကျနော်တို့ဆီကရွှေပို့စရာမလိုဘူး။ အခုက ရောင်းတဲ့လူတွေ တော်တော်များပြီးတော့ ဝယ်တဲ့လူတွေနည်းတဲ့အခါကျတော့ ရောင်းတဲ့လူ ၁၀ ယောက်ရောက်လို့ ဝယ်တဲ့လူတယောက် မရောက်ဘူးပေါ့။ အခုကဆိုတော့ ကျနော်တို့က ရန်ကုန်ကို ပြန်ပြီးတော့ပို့ရတယ်။ ကုန်ကြမ်းပို့ပြီးတော့ ပြန်ပြီးကုန်ချောလုပ်တယ်။ အဲဒါတွေမှာ အချိန်ပေးရတယ်။ ငွေအတွက်နောက်ကျတယ်။ အဲဒီလိုပေါ့ အခက်အခဲတွေ အများကြီးရှိပါတယ်”ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလက ပြည်တွင်းတွင် ရွှေ ၁ ကျပ်သားကို ကျပ်နှစ်ဆယ့်နှစ်သိန်းနှစ်သောင်းအထိ စံချိန်တင်ဈေးနှုန်းမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာလဲလှယ်နှုန်းမှာလည်း တစ်ဒေါ်လာကို ၂၇၀၀ အထိ ဈေးမြင့်တက်ခဲ့သည်။