- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဟိုက်ကာရီကာရာတေးဒိုကျောင်း၏ (၄၃)ကြိမ်မြောက် သင်တန်းဆင်းပွဲ
စစ်တွေမြို့ရှိ ဟိုက်ကာရီကာရာတေးဒိုကျောင်း၏ (၄၃)ကြိမ်မြောက်သင်တန်းဆင်းပွဲကို ဧပြီ ၉ ရက်နေ့ကပြုလုပ်ခဲ့သည်။
10 Apr 2022
DMG ၊ ဧပြီ ၁၀
စစ်တွေမြို့ရှိ ဟိုက်ကာရီကာရာတေးဒိုကျောင်း၏ (၄၃)ကြိမ်မြောက်သင်တန်းဆင်းပွဲကို ဧပြီ ၉ ရက်နေ့ကပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲကို စစ်တွေမြို့၊ တရားသီးစုရပ်ကွက်ရှိ ဟိုက်ကာရီကာရာတေးဒိုဗဟိုသင်တန်းကွင်း၌ အသင်း(၈)သင်းမှ သင်တန်းသား ၆၈၀ ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဟိုက်ကာရီကာရာတေးဒိုသင်တန်းဆင်းပွဲကို နှစ်စဉ်ပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင် အခမ်းအနားဖြင့်ကျင်းပခြင်းလည်းဖြစ်သည်။
ရခိုင်ပြည်နယ် ဟိုက်ကာရီကာရာတေးဒို ပြန်ကြားရေးတာဝန်ခံ ကိုအောင်အောင်က “နှစ်စဉ်နှစ်တိုင်းတော့ သင်တန်းဆင်းပွဲရှိပါတယ်။ ဒါပေမဲ့ဒီနှစ်မှာ ကျနော်တို့ကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားနားနဲ့လုပ်တာပါ။ နှစ်စဉ်ကတော့ သင်တန်းကျောင်းအငယ်မှာပဲ ပြုလုပ်ခဲ့တယ်။ ဒီနှစ်မှာတော့ သင်တန်းကျောင်းမြေနေရာကိုဝယ်လိုက်ပြီး သင်တန်းကွင်းနေရာမှာ ဟိုက်ကာရီကာရာတေးဒိုဗဟိုသင်တန်းကျောင်းဆောက်မယ်ဆိုပြီး အဲဒီနေရာမှာပြုလုပ်ခဲ့တာပါ”ဟု ပြောသည်။
ဟိုက်ကာရီကာရာတေးဒိုအသင်းကို ကွယ်လွန်သွားပြီဖြစ်သော ရခိုင်ပြည်နယ် ဟိုက်ကာရီကာရာတေးဒို နည်းပြချုပ် ဆရာကြီးဦးကျော်ဝင်းက ၁၉၇၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါကျောင်းမှ သင်တန်းသူ/သားမြောက်မြားစွာကိုလည်း နှစ်စဉ်မွေးထုတ်ပေးလျက်ရှိသည်။