ကြားဖြတ်သတင်း
- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မာန်အောင်အများပိုင်ကုမ္ပဏီမှ ပျောက်ဆုံးနေသည့်ဝန်ထမ်း ဒဏ်ရာများဖြင့်သေဆုံးလျှက်တွေ့ရှိ
မာန်အောင်အများပိုင်ကုမ္ပဏီမှ ပျောက်ဆုံးနေသည့်ဝန်ထမ်းမှာ ဖေဖဝါရီလ ၅ ရက်နေ့ နေ့လယ်က ဟိုတယ်ဇုံအတွင်းရှိသည့် ဆည်ထဲတွင် ဒဏ်ရာများဖြင့်သေဆုံးလျှက် တွေ့ရှကြောင်း မိသားစုဝင်များထံမှ သိရသည်။
06 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၆
မာန်အောင်အများပိုင်ကုမ္ပဏီမှ ပျောက်ဆုံးနေသည့်ဝန်ထမ်းမှာ ဖေဖဝါရီလ ၅ ရက်နေ့ နေ့လယ်က ဟိုတယ်ဇုံအတွင်းရှိသည့် ဆည်ထဲတွင် ဒဏ်ရာများဖြင့်သေဆုံးလျှက် တွေ့ရှကြောင်း မိသားစုဝင်များထံမှ သိရသည်။
ပျောက်ဆုံးနေသူ မောင်မင်းထက်ဝေမှာ မာန်အောင်အများပိုင်ကုမ္ပဏီ၏ ကအီးကမ်းခြေဟိုတယ်ဇုံတွင် စားဖိုမှူးအဖြစ် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။
မောင်မင်းထက်ဝေမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့ ညအိပ်ဆောင်အတွင်းမှ ပျောက်ဆုံးသွားကြောင်း ဦးလေးတော်စပ်သူ ဦးကျော်သန်းက ပြောသည်။
" သူ မပျောက်ခင် တစ်ရက်က အိမ်ကိုရောက်လာသေးတယ်။ သူပျောက်တာ ၃ ရက်နေ့ ညပေါ့။ ၂ ရက်နေ့ ည သူငယ်ချင်းတွေနှင့် ဟိုတယ်အတွင်းမှာရှိတဲ့ ဆည်မှာ အရက်သောက်ကြသေးတယ်ပြောတယ်။ ပြီးတော့ ည ၁၀ နာရီထိုးလောက်မှာ ပြန်ပြီး အဆောင်မှာ အိပ်ကြတယ်ပြောတယ်။ မနက်ကျတော့ ၉ နာရီ ကျူတီဝင်ချိန်မရောက်လို့ သွားကြည့်တဲ့အခါ သူမရှိတေားဘူး။ သူ့အိပ်ယာမှာက ဖုန်းလဲ ရှိတယ်။ ဖိနပ်လဲ ရှိတယ်။ ဒါပေမဲ့ လကုန်လို့ ထုတ်ထားတဲ့ ပိတ်ဆံအိပ်ထဲက လစာငွေတော့ မရှိတော့ဘူး" ဟု ပြောသည်။
ကိုမင်းထက်ဝေမှာ လူအေးတစ်ယောက်ဖြစ်ပြီး ဟိုတယ်အတွင်း ခိုက်ရန်ဖြစ်ပွားခဲ့ဖူးခြင်း မရှိကြောင်း သိရှိရသည်။
ကိုမင်းထက်ဝေအား ဟိုတယ်ဇုံအတွင်းရှိ ဆည်ထဲတွင် လူခြေရာများတွေ့ရှိခြင်းကြောင့် ဖေဖဝါရီလ ၄ ရက်နေ့က ရေငြုပ်ရှာခြင်း၊ ပိတ်ဖြင့်ဆွဲ ရှာခြင်း၊ အကြိမ်ကြိမ် ရှာဖွေခဲ့သော်လည်း တွေ့ရှိခဲ့ခြင်းမရှိပါ။ ဖေဖဝါရီ ၅ ရက်နေ့က ဆည်အတွင်း ရေပေါ်တွင် ပေါ်လျှက် တွေ့ရှိခဲ့ကြောင်း မိသားစု ဝင်များက ပြောဆိုသည်။
ဟိုတယ်အိပ်ဆောင်အတွင်း ကိုမင်းထက်ဝေနှင့်အတူ နေထိုင်သူ ၆ ဦးရှိကြောင်း မိသားစုများ ပြောကြားချက်အရ သိရသည်။
သေဆုံးသူ ကိုမင်းထက်ဝေမှာ အသက် ၂၁ နှစ်ဖြစ်ပြီး ကအီးကျေးရွာ ဒေသခံတစ်ဦးဖြစ်သည်။ မင်းထက်ဝေ၏ လည်ပင်းတွင် ဒဏ်ရာ ၂ ချက်တွေ့ရှိရကြောင်း မာန်အောင်မြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။
"သူ့လည်ပင်းမှာ ဒဏ်ရာ ၂ ချက်တွေ့ရတယ်။ ဆေးစာကတော့ မထွက်သေးဘူး။ ဆေးစာစောင့်နေတုန်းပဲ ရှိသေးတယ်။ အလောင်းကတော့ ဆေးရုံက စစ်ဆဲပြီးစီးလို့ နေအိမ်ကိုပြန်ပို့လိုက်ပြီးပြီ" ဟု ပြောသည်။
ယခု သေဆုံးမှုမှာ သွေးရိုးသားရိုး သေဆုံးခြင်းမဟုတ်သောကြောင့် အမှုမှန်အမြန်ဆုံးဖော်ထုတ်ပေးရန် မိသားစုဝင်များက လိုလားနေကြပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ လူသတ်မှုဖြင့် မာန်အောင်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရှိရသည်။