- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် မိုးနည်းနေသော်လည်း မြစ်ရေစိုးရိမ်ရေမှတ်ထက်ကျော်လာပြီး ရေကြီးမှုကြုံလာရနိုင်ကြောင်း မိုးဇလတာဝန်ရှိသူပြော
လက်ရှိရခိုင်ပြည်နယ်တွင် မိုးနည်းနေသော်လည်း ကုလားတန်မြစ်နှင့် လေးမြို့မြစ်တို့တွင် စိုးရိမ်ရေမှတ်ထက်ကျော်လာပါကာ ရေကြီးမှုကြုံလာရနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
23 Aug 2021
DMG ၊ သြဂုတ် ၂၃
လက်ရှိရခိုင်ပြည်နယ်တွင် မိုးနည်းနေသော်လည်း ကုလားတန်မြစ်နှင့် လေးမြို့မြစ်တို့တွင် စိုးရိမ်ရေမှတ်ထက်ကျော်လာပါကာ ရေကြီးမှုကြုံလာရနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
သတ်မှတ်ထားသည့် မြစ်ရေမြင့်တက်မှု စိုးရိမ်းရေမှတ်ထက်ကျော်လာပါကာ ရေကြီးမှုကြုံလာရနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက DMG သို့ပြောသည်။
“ကျနော်တို့ ခန်းမှန်းထားတာကတော့ ဒီလကုန်အထိတော့ မြစ်ရေကတိုးလာဖို့ရှိတယ်။ ဒါပေမဲ့လက်ရှိမှာတော့ ရခိုင်မှာ မိုးရွာသွန်းမှုကအားနည်းနေတယ်။ မိုးလျော့နေတဲ့အနေထားဆိုတော့ ဒီလထဲမှာ စိုးရိမ်းရေမှတ်ကိုရောက်မယ့်အနေအထားတော့မရှိဘူး။ ဘာပဲဖြစ်ဖြစ်ပါ မိုးများလာရင်ရေကြီးလာနိုင်တယ်ဆိုတော့ အရေးကြီးတဲ့ စာရွက်၊စာတန်းတွေနဲ့ လုပ်စရာရှိတာတွေကို ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်”ဟု ဆိုသည်။
သြဂုတ်လအစောပိုင်းက လေးမြို့မြစ်ရေမြင့်တက်မှုကြောင့် နေအိမ်ပျက်စီးမှုများရှိခဲ့ပြီး လက်ရှိတွင် မိုးရွာသွန်းမှုအားနည်းနေသည့်အတွက် မြစ်ရေတည်ငြိမ်များရှိနေကြောင်း မင်းပြားမြို့ ပန်းမြောင်းကျေးရွာဒေသခံ ကိုစိုးနိုင်က DMG သို့ပြောသည်။
“ဒီလအစောပိုင်းကတော့ လေးမြို့မြစ်ရေကြီးလို့ ကျွန်တော်တို့ ပန်းမြောင်းအိမ်တွေပျက်စီးသွားတာတွေရှိတယ်။ လက်ရှိမှာတော့ မိုးကလည်းနည်းနေတာ့ ရေကြီးမှုတွေတော့မရှိပါဘူး။ ရေကြီးတုန်းကတော့ ကျွန်တော်တို့ရွာက အိမ်တွေ ၅ ဆောင်နီးပါး ပျက်စီးသွားတယ်”ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ဇူလိုင်၊ သြဂုတ်လများအတွင်း ရေကြီးမှုကြောင့် မောင်တော၊ သံတွဲ၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် အိမ်များ၊ လယ်များနှင့် တံတားများပျက်စီးမှုရှိခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။