- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အမ်းမြို့ပေါ်တွင်ခိုလှုံနေသည့် စစ်ဘေးရှောင် ၃၀၀ ကျော်နေရပ်ပြန်
ရခိုင်ပြည်နယ်၊ အမ်းမြို့ပေါ်တွင်ခိုလှုံနေသည့် စစ်ဘေးရှောင် ၃၀၀ ကျော်မှာ ယနေ့(နိုဝင်ဘာလ ၆ ရက်)နံနက်ပိုင်းက နေရပ်သို့ ပြန်သွားကြကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။
06 Nov 2021
DMG ၊ နိုဝင်ဘာ ၆
ရခိုင်ပြည်နယ်၊ အမ်းမြို့ပေါ်တွင်ခိုလှုံနေသည့် စစ်ဘေးရှောင် ၃၀၀ ကျော်မှာ ယနေ့(နိုဝင်ဘာလ ၆ ရက်)နံနက်ပိုင်းက နေရပ်သို့ ပြန်သွားကြကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။
အမ်းမြို့ပေါ်ရှိ အမှတ်(၂)စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များထဲမှ အိမ်ထောင်စု ၇၄ စု၊ လူဦးရေ ၃၇၁ ဦး နေရပ်ပြန်သွားကြခြင်းဖြစ်ကြောင်း စခန်းတာဝန်ရှိခံ ဦးကျော်ဝေက DMG သို့ ပြောသည်။
"ဒါကဒုတိယအကြိမ်ပြန်တာဖြစ်တယ်။ အစိုးရရဲ့အစီအစဉ်နဲ့ဘဲပြန်ကြတာဖြစ်တယ်။ သူတို့ပြန်ဖို့အတွက်လည်း စီစဉ်ပေးတယ်ပေါ့။ သူတို့ကို ပိုက်ဆံခြောက်သိန်းနဲ့ ပစ္စည်းဆယ်မျိုးထောက်ပံ့ပေးတယ်"ဟု ဦးကျော်ဝေကပြောသည်။
နေရပ်ပြန်သွားကြသည့်စစ်ဘေးရှောင်များအတွက် အိမ်ထောင်စုတစ်စုလျှင် စစ်ကောင်စီမှ ငွေကျပ်(၅)သိန်း၊ ဘေးစီမံဌာနမှ ငွေကျပ်(၁)သိန်းနှင့် အဝတ်အထည်၊ အိုးခွက်၊ ပန်းကန် စသည့်ပစ္စည်း(၁၀)မျိုးကိုထောက်ပံ့ကာ ကားများဖြင့် ပို့ဆောင်ပေးကြောင်း သိရသည်။
လက်ရှိနေရပ်ပြန်သွားကြသည့် စစ်ဘေးရှောင်များမှာ အမ်းမြို့နယ် ဒါးလက်ချောင်းအုပ်စုမှ မင်္ဂလာဒုံ ၊ နတ်ရွာကျွန်း၊ အလယ်ကျွန်း၊ မော်ကျွန်း၊ တချင်းပြင် စသည့်ကျေးရွာ ၁၀ ရွာခန့်က ဒေသခံများဖြစ်ကြောင်း သိရသည်။
၎င်းတို့မှာနေရပ်ပြန်ရန်အတွက် ပြီးခဲ့သည့်အပတ်က စာရင်းပေးကာ ယခုနေရပ်သို့ပြန်သွားကြခြင်းဖြစ်သည်။
ယင်းသို့ နေရပ်သို့ပြန်သွားကြသော်လည်း တစ်ဖက်မှာ မိုင်းအန္တရာယ်နှင့်ပတ်သက်၍စိုးရိမ်ကြောင်း အမ်းဒေသခံကိုမျိုးလွင်ကပြောသည်။
"သူတို့ပိုင်ဆိုင်တဲ့ လယ်ယာမြေတွေ၊ ဥယျာဉ်တွေမှာလည်း မိုင်းအန္တရာယ်စိုးရတယ်။ အဲဒီနေရာတွေမှာရော လွတ်လပ်လပ်နဲ့လုပ်ကိုင်စားသောက်နိုင်ပါ့မလား။ ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့စိုးရိမ်တယ်။ စစ်ကောင်စီက မိုင်းရှင်းလင်းပေမယ့် လက်ဝဲလက်ယာလောက်ပဲရှင်းတယ်။ လုပ်ကိုင်စားသောက်တဲ့ ဥယျာဉ်တွေမှာ ရှင်းလင်းတာမတွေ့ရသေးဘူး"ဟု ကိုမျိုးလွင်ကပြောသည်။
အမ်းမြို့ပေါ် အမှတ်(၂)စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်အိမ်ထောင်စု(၆၃)စုမှာ ပထမကြိမ်နေရပ်ပြန်သွားကြပြီဖြစ်သည်။ အဆိုပါစခန်းတွင် နေရပ်မပြန်နိုင်သေးစစ်ဘေးရှောင်ဦးရေ ၉၀၀ ခန့် ကျန်ရှိနေသေးကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။
ပြီးခဲ့သည့် ၂ နှစ်တာကာလအတွင်းက မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်ပြည်နယ်အတွင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင် စသည့်မြို့နယ်များမှ ဒေသခံ ၂ သိန်းကျော်မှာ နေရပ်ကိုစွန့်ခွာပြီး စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေထိုင်ခဲ့ရသည်။
လက်ရှိ ရခိုင်တွင်တိုက်ပွဲများရပ်တန့်နေသည်မှာ ၁ နှစ်ခန့်ကြာမြင့်လာပြီဖြစ်ကာ စစ်ဘေးရှောင်အချို့မှာလည်း နေရပ်ပြန်မှုများရှိနေသည်။