တိုက်ပွဲများကြောင့် ကျောက်ကြီးနှင့် မုန်းမြို့နယ်တို့တွင် ဒေသခံ သောင်းချီထွက်ပြေးနေရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ကျောက်ကြီးနှင့် မုန်းမြို့နယ်တွင် ကေအန်ယူနှင့် စစ်ကာင်စီတပ်တို့အကြား ဇွန်လ (၂၅ ) ရက်နှင့် (၂၆) ရက်နေ့ နှစ်ရက်ကြာထိတွေ့ တိုက်ပွဲများကြောင့် ဒေသခံသောင်းချီ နေရပ်စွန့်ခွာ ထွက်ပြေး နေရကြောင်း သတင်းရရှိသည်။

27 Jun 2022

ဇွန်လ ၂၆ ရက်နေ့က ကျောက်ကြီးနှင့် မုန်းမြို့နယ်ရှိ ဒေသခံများထွက်ပြေးနေပုံ။ (ဓာတ်ပုံ - ကရင်အမျိုးသားအစည်းရုံး (KNU) -ဗဟို)

DMG ၊ ဇွန် ၂၇

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ကျောက်ကြီးနှင့် မုန်းမြို့နယ်တွင် ကေအန်ယူနှင့် စစ်ကာင်စီတပ်တို့အကြား ဇွန်လ (၂၅ ) ရက်နှင့် (၂၆) ရက်နေ့ နှစ်ရက်ကြာထိတွေ့ တိုက်ပွဲများကြောင့် ဒေသခံသောင်းချီ နေရပ်စွန့်ခွာ ထွက်ပြေး နေရကြောင်း သတင်းရရှိသည်။

ကေအန်ယူတပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်သော ကျောက်ကြီးနှင့် မုန်းမြို့နယ်သို့ စစ်ကောင်စီ တပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး KNLA ပူးပေါင်းအဖွဲ့ နှင့်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့မှုကြောင့် ဒေခံများမျာ ထွက်ပြေးနေရခြင်းဖြစ်ကြောင်းကေအန်ယူတပ်မဟာ (၃) သတင်း ရင်းမြစ်ကပြောသည်။

“စစ်ကောင်စီ တပ်က ဇွန် ၂၅ ရက်နဲ့ ၂၆ ရက် နှစ်ရက် ရွာထဲကိုစစ်ကြောင်း ထိုးဝင်လာတယ်။ အဲလို ဝင်လာတဲ့ အတွက်နှစ်ဖက်ထိပ် တိုက်တွေ့ပြီး တော့ တိုက်ပွဲဖြစ်တယ်။ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာက အကြိမ်အရေ မနည်းဘူး။ ရွာထဲကို ထိတာလည်း ရှိတယ်။ ရွာသားတွေကို ထိခိုက်သွားတာ ရှိခဲ့ပါတယ် ” ဟု အဆိုပါ သတင်းအရင်း အမြစ်ကပြော သည်။

ထိုသို့ တိုက်ပွဲ အတွင်း စစ်ကောင်စီ တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ကျောက်ကြီးနှင့် မုန်းမြို့နယ်ရှိ ကျေးရွာများဖြစ်ကြသော နောင်ကုန်း၊ ရန်မျိုးအောင်၊ ကျွန်းကုန်း၊ လယ်ဝိုင်းကြီး၊ ညောင်ကုန်း၊ ညောင်တန်း၊ နရွဲပင်၊ ငဗြက်အင်း၊ ကျွတ်ကုန်း၊ အင်းနက်၊ သဲကုန်း၊ ဝဲလဗျင်း၊ အောက်ချင်းကုန်းနှင့် လှည်းလမ်း ကုန်းစသည့် ကျေးရွာ (၁၄) ရွာမှ နေအိမ်နှင့် ဘာသာရေး အဆောက်အဦး (၅၀) လုံးကျော်ပျက်စီးခဲ့ကာ ဒေသခံ (၁၀၅၂၆) ဦး ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း စစ်ရှောင်ကူညီရေး လုပ်ဆောင်သူများ ထံကသိရသည်

“ရွာက (၁၂) ရွာပေါ့။ ကျောက်ကြီးနဲ့ မုန်းမြို့နယ်က ကျေးရွာ (၁၄) ရွာကို နှစ်ရက်အတွင်း စစ်ကောင်စီ တပ်က လက်နက်ကြီးနဲ့ ပစ်တာပါ။ နေအိမ် (၅၀) ကျော်ထိ မှန်တယ်။ ဒေသခံ တစ်သောင်းကျော်လည်း အကုန်တိမ်းရှောင်ကြရ ပါတယ် ” ဟု စစ်ရှောင်ကူညီရေးလုပ်ဆောင်သူတစ်ဦးကဆိုသည်။

လက်ရှိတွင် ဒေသခံများမှာ နီးစပ်ရာတောတောင်ထဲတွင် ယာယီထွက်ပြေးနေကြခြင်းလည်းဖြစ်သည်။ ထို့အပြင် ၎င်းတို့ အတွက်လိုအပ်သည့် စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဒေသခံ ကရင်အရပ်ဖက်အဖွဲ့ အစည်းတို့က ကူညီပေးထားကြောင်းလည်း သိရသည်။

ကရင်အရပ်ဘက် လူမှုကူညီရေး အဖွဲ့ဝင်တဦးက “ စစ်တပ်ရဲ့ လက်နက်ကြီးထိ မှန်ခံရတဲ့ ဒေသခံ (၅) ဦးကို တော့ ဆေးဝါးကုသ ပေးထားပါတယ်။ တိမ်း ရှောင်လာတဲ့ စစ် ရှောင်တွေအတွက်ကို ကေအန်ယူ ဗဟိုအဖွဲ့ နဲ့ဒေသခံ ကရင်အရပ်ဖက်လူမှုကူညီရေး အဖွဲ့ေ တွ ပူးပေါင်း ပြီးတော့ လိုအပ်တဲ့ ကျန်းမာရေးနဲ့ စားဝတ်နေရေး အတွက်ကူညီပေးထားတာပါတယ် ” ဟု ပြောသည်။

ပဲခူးတိုင်းရှိ ကေအန်ယူ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ ဖြစ်သည့် ရွှေကျင်၊ ကျောက်ကြီး၊ ညောင်လေး ပင်နှင့်မုန်း မြို့နယ်တို့၌ စစ်ကောင်စီတပ်နှင့် KNAL ပူးပေါင်းအဖွဲ့ကြား ယခု နှစ်အစပိုင်းမှစပြီး တိုက်ပွဲ ဖြစ်ပွားမှုများ ကြောင့် ဒေသခံ ( ၃၀၀၀၀ ) ကျော်မှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း ကရင်လူ့ အခွင့်အရေး အဖွဲ့ (KHRG) မှ ထုတ်ပြန်ထားသည်။