- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်ဖြူမြို့နယ်တွင် မိသားစုသုံးဦး ရေနစ်သေဆုံး
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကုလားဘာကျေးရွာတွင် ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ရေနစ်သေဆုံးနေသည့် မိသားစုသုံးဦး၏ အလောင်းများကို တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
22 Dec 2022
ကျောက်ဖြူမြို့နယ်၊ ကုလားဘာကျေးရွာမှ ရေနစ်သေဆုံးသွားသည့် မိသားစုသုံးဦးကိုတွေ့ရစဉ်။
DMG | ဒီဇင်ဘာ ၂၂
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကုလားဘာကျေးရွာတွင် ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ရေနစ်သေဆုံးနေသည့် မိသားစုသုံးဦး၏ အလောင်းများကို တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ မိသားစုသုံးဦးမှာ မိခင်ဖြစ်သူ ဒေါ်မဖြူတင် ၃၈ နှစ်၊ သမီးကြီးဖြစ်သူ အသက် ၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသူ မစုမြတ်လှိုင်နှင့် သမီးငယ်ဖြစ်သူ အသက် ၃ နှစ်အရွယ် မစုမြတ်နှင်းတို့ဖြစ်ကြောင်း သိရသည်။
၎င်းတို့သုံးဦးမှာ ယနေ့ နံနက်ပိုင်းက ရွာအပြင်ချောင်းနံဘေးတွင်ရှိသည့် ဥယျာဉ်ခြံမြေအတွင်း ရေလောင်းရန်သွားစဉ် ချောင်းထဲသို့ ပြုတ်ကျကာ ရေနစ်သေဆုံးသွားခြင်းဖြစ်ကြောင်း ကုလားဘာကျေးရွာမှ ဦးကျော်လှထွန်းက ပြောသည်။
“အငယ်ဆုံးတစ်ယောက် အရင်ဆုံးချောင်းထဲကို ပြုတ်ကျသွားတယ်ထင်ပါတယ်။ အဲဒါကို သားမိနှစ်က ဝိုင်းကယ်ရင်း အခုလို သုံးဦးစလုံး ရေနစ်သေဆုံးသွားတယ်လို့ ယူဆရပါတယ်”ဟု ဦးကျော်လှထွန်းက ပြောသည်။
အဆိုပါ ရေနစ်သေဆုံးသွားသည့် မိသားစုသုံးဦးကို ယနေ့တွင် ကျေးရွာရှိ သုသာန်၌ မြေမြှုပ် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လအတွင်းကလည်း ကျောက်ဖြူ သမ္ဗာန်ချောင်းရပ်ကွက်မှ အသက် ၁၅ နှစ်အရွယ် မောင်ပိုင်စိုးမိုးနှင့် ညီဖြစ်သူ အသက် ၁၀ နှစ်ရွယ် မောင်စိုးမိုးတို့နှစ်ဦးမှာ ဖောင်တော်အနီး ရေဆင်းကူးကစားရာမှ ရေနစ်သေဆုံးသွားခဲ့သည်။