- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
KNU တပ်မဟာ(၆)နယ်မြေအတွင်း ဒေသခံ သေဆုံးဒဏ်ရာရသူ (၇၀)ကျော်လာ
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်း အဖွဲ့ကြား တိုက်ပွဲများကြောင့် ဒေသခံထိခိုက်သေဆုံးသူ ၇၁ ဦးအထိရှိလာကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)က ထုတ်ပြန်သည်။
21 Jul 2022
DMG ၊ ဇူလိုင် ၂၁
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်း အဖွဲ့ကြား တိုက်ပွဲများကြောင့် ဒေသခံထိခိုက်သေဆုံးသူ ၇၁ ဦးအထိရှိလာကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)က ထုတ်ပြန်သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၁၅)ရက်နေ့မှစပြီး ယနေ့အချိန်ထိ ၈ လတာအချိန်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှု (၆၃)ကြိမ်နှင့် လေကြောင်းတိုက်ခိုက်မှု (၂၀၃)ကြိမ်အထိရှိခဲ့ကာ ဒေသခံ (၆၃)ဦးထိခိုက်ဒဏ်ရာရရှိပြီး (၈)ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်တွေ့ရသည်။
ထိုတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူဦးရေမှာ (၈၆၀၀၀)ကျော်အထိရှိခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်က ဇူလိုင်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
(KNU)တပ်မဟာ(၆)နယ်မြေ ဒေါနတောင်ကြော အရှေ့ခြမ်းနှင့် အနောက်ခြမ်း ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ဝင်းရေးနှင့် ကျုံဒိုးမြို့နယ်တို့ရှိ ကျေးရွာပေါင်း(၁၁၆)ရွာမှ ဒေသခံ (၈၆၈၅၈)ဦးမှာ လက်ရှိထိုင်း-မြန်မာနယ်စပ်အနီးက ယာယီစစ်ရှောင်စခန်းများတွင် နေထိုင်နေကြရသည်။
ထိုသို့ နေရပ်စွန့်ခွာတိမ်းရှောင်ရသူများမှာ စားနပ်ရိက္ခာ၊ အမိုးအကာများ၊ အဝတ်အထည်များနှင့် ကျန်းမာရေးအတွက် ဆေးဝါးများမလုံလောက်သည့် ပြဿနာများကို ရင်ဆိုင်နေရကြောင်း KPSN တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အခုအထိ နေရပ်စွန့်ခွာတဲ့သူတွေအတွက် လိုအပ်တဲ့အထောက်အပံ့တွေ မပေးနိုင်သေးဘူး။ အလှူရှင်တွေကလည်း အဆင်ပြေသလို ထောက်ပံ့နေကြရတယ်။ ကျန်းမာရေးနဲ့ အစားအသောက်တွေ အဝတ်အထည်တွေ၊ အမိုးအကာတွေကအစ လုံအလောက်မရှိဘူးဖြစ်နေတယ်။ မိုးတွင်းကာလရောက်တော့ ပိုပြီး အခြေအနေဆိုးလာတယ်”ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
မြဝတီ-လေးကေ့ကော်-ဖလူးလေး-ဝေါလေကားလမ်းမတို့တွင်လည်း စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်(BGF)အဖွဲ့တို့က စစ်ကြောင်းထိုး ပိတ်ဆို့ထားမှုများနှင့် တိုက်ပွဲများ မကြာခဏဖြစ်ပွားမှုတို့မှာလည်း အကူအညီပေးမည့်ခရီးစဉ်များ အခက်အခဲရှိနေကြောင်းလည်း ကရင်စစ်ရှောင်များကို ကူညီထောက်ပံ့ပေးနေသည့် အဖွဲ့များမှ ပြောဆိုသည်။
“စစ်ရှောင်တွေထောက်ပံ့ဖို့အတွက် လောလောဆယ်အနေအထားက စစ်တပ်နဲ့ BGF က အင်အားတွေအလုံးအရင်းနဲ့ဖြည့်ပြီး စစ်ကြောင်းထိုးနေတာက ပိုဆိုးတယ်။ အဓိကသွားရမယ့် မြဝတီ-ဝေါလေလမ်းမှာ တိုက်ပွဲတွေဖြစ်နေတာ။ အခု မိုးတွင်းရောက်လာတော့ သောင်ရင်းမြစ်ကလည်း ရေစီးအရမ်းသန်တယ်။ ရေကြောင်းကနေပို့ဖို့ကလည်း မလွယ်ဘူးဖြစ်နေတယ်”ဟု စစ်ရှောင်ကူညီရေး လုပ်ဆောင်သူတစ်ဦးကဆိုသည်။
ထိုသို့ စစ်ဘေးရှောင်များအား လူသားချင်းစာနာထောက်ထားမှု အကူအညီများအတွက် ထိုင်းနိုင်ငံမှလည်း ပူးပေါင်းဆောင်ရွက်မှသာ ရေရှည်အတွက် ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း လူ့အခွင့် အရေးလှုပ်ရှားသူ ကိုဇင်က သုံးသပ်သည်။
“ပြည်တွင်းက ကူညီပေးမယ်ဆိုရင် လက်ရှိအနေအထားက မလွယ်ကူသေးဘူးဖြစ်နေတယ်။ စစ်ကောင်စီတပ်တွေက ပိတ်ဆို့ထားတာရှိနေတယ်။ အဲဒီအတွက် ရေရှည်ကူညီပေးဖို့ဆိုရင် နယ်စပ်ဒေသတွေမှာ ထိုင်းကပူးပေါင်းဆောင်ရွက်မှသာ ပိုပြီး အဆင်ပြေနိုင်မယ်”ဟု ကိုဇင်ကဆိုသည်။
ထို့အပြင် နှစ်ဖက်စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ကရင်ဒေသခံစစ်ရှောင်များကို နယ်စပ်ဖြတ်ကျော်သည့် လူသားချင်းစာနာမှုအကူအညီများ တိုးမြှင့်ပေးအပ်ရန် ပြည်ပနိုင်ငံများမှ ပါဝင်ကူညီပေးဖို့ ကရင်ငြိမ်းချမ်းရေးကွန်ယက်(KSPN)မှ တောင်းဆိုထားသည်။