- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြန်မာစစ်တပ်မှ အင်အားအလုံးအရင်းနှင့်ဝင်ရောက်လာမှုကြောင့် KNU ထိန်းချုပ်ရာနယ်မြေအချို့၌ တိုက်ပွဲထပ်မံဖြစ်ပွား
ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်ရာ နယ်မြေအချို့၌ကို မြန်မာစစ်တပ်မှ အင်အားအလုံးအရင်းနှင့်ဝင်ရောက်လာမှုကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ထပ်မံဖြစ်ပွားနေကြောင်း KNU သတင်းအရင်းအမြစ်များထံမှ သိရသည်။
07 Mar 2022
DMG ၊ မတ် ၇
ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်ရာ နယ်မြေအချို့၌ကို မြန်မာစစ်တပ်မှ အင်အားအလုံးအရင်းနှင့်ဝင်ရောက်လာမှုကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ထပ်မံဖြစ်ပွားနေကြောင်း KNU သတင်းအရင်းအမြစ်များထံမှ သိရသည်။
ယနေ့(မတ် ၇ ရက်)နံနက်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကေအန်ယူတပ်မဟာ(၆)နယ်မြေ လေးကေ့ကော်မြို့သစ်ရှိ အမြှောက်ကုန်းသို့ မြန်မာစစ်တပ်က စစ်အင်အားအလုံးအရင်းနှင့် လာရောက်မှုကြောင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း KNLA ပူးပေါင်းအဖွဲ့တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
"မနက်အစောပိုင်းကပဲ စစ်ကောင်စီတပ်အင်အားအများအပြား ချီတက်လာခဲ့တယ်။ သူတို့(စစ်ကောင်စီ)က အမြှောက်ကုန်းနေရာ ကို အလုံးအရင်းနဲ့တက်လာတဲ့အတွက် အခုအထိ နှစ်ဖက်အပြင်းအထန်ဖြစ်ပွားနေပါတယ်။ နှစ်ဖက်အထိအခိုက်အကျအဆုံး ကတော့ တပ်အပ်ပြောမရသေးဘူးဖြစ်နေပါတယ်"ဟု ၎င်းမှပြောသည်။
ထို့အပြင် စွယ်တော်ကုန်းနေရာမှ မြန်မာစစ်တပ်က လက်နက်ကြီးများဖြင့် အချက်ရေ ၅၀ ကျော်အထိ ပစ်ခတ်ခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။
ယမန်နေ့ နံနက် ၉ နာရီအချိန်ကလည်း အင်အားဖြည့်တင်းရန် မော်လမြိုင်မြို့မှထွက်ခွာလာသော စစ်ကား ၁၀ စီးကျော်ပါသည့် မြန်မာစစ်တပ်ယာဉ်တန်းကို ကေအန်ယူတပ်မဟာ(၃)နယ်မြေဖြစ်သော မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာ၌ KNLA ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အင်္ဂဘိုကျေးရွာဒေသခံတစ်ဦးမှ ဆိုသည်။
"မနေ့ နံနက် ၉ နာရီကျော်မှာ စစ်ကောင်စီတပ်ကား ၁၀ စီးကျော်ထွက်လာတာတွေ့ရတယ်။ ရွာကိုအကျော်မှာပဲ မိုင်းခွဲခံရပြီးတော့ နှစ်ဖက်ပစ်ခတ်အသံတွေကြားခဲ့ရတယ်။ နာရီဝက်ကျော်လောက်ကို တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်"ဟု ၎င်းဒေသခံမှဆိုသည်။
ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့ကလည်း မြန်မာစစ်တပ်၊ နယ်ခြားစောင့်တပ်(BGF)အဖွဲ့ပူးပေါင်းအင်အား ၃၀၀ ကျော်သည် KNLA ပူးပေါင်းအဖွဲ့ရှိရာသို့ စစ်အင်အားအလုံးအရင်းဖြင့် ချီတက်မှုကြောင့် လေးကေ့ကော်နှင့်ထိစပ်ရာ လမ်းမပိုင်းဖြစ်သည့် ဖလူးလေး-ရသေ့ဂူ၌ တိုက်ပွဲများဖြစ်ပွားခဲ့သည်။