- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မာန်အောင်မှ ဟိုတယ်ဝန်ထမ်းသေဆုံးမှုတွင် သံသယရှိသူတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေ
မာန်အောင်မြို့နယ်တွင် အသစ်ဖွင့်လှစ်ထားသည့် ဟိုတယ်မှ ဝန်ထမ်းတစ်ဦးသေဆုံးမှုနှင့်ပတ်သက်ပြီး သံသယရှိသူတစ်ဦးကို ရဲကဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
16 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၁၆
မာန်အောင်မြို့နယ်တွင် အသစ်ဖွင့်လှစ်ထားသည့် ဟိုတယ်မှ ဝန်ထမ်းတစ်ဦးသေဆုံးမှုနှင့်ပတ်သက်ပြီး သံသယရှိသူတစ်ဦးကို ရဲကဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
သေဆုံးသွားသည့် ကိုမင်းထက်ဝေ(၂၁)နှစ်မှာ မာန်အောင်မြို့နယ်၊ ကအီးကျေးရွာမှဖြစ်သည်။ ၎င်းမှာ ကအီးကျေးရွာအနီး အသစ်ဖွင့်လှစ်ထားသည့် ဟိုတယ်ဇုံတွင် စားဖိုမှူးအဖြစ်လုပ်ကိုင်နေသူဖြစ်သည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့က ကိုမင်းထက်ဝေပျောက်ဆုံးသွားခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဟိုတယ်အတွင်းရှိ ရေဖြန့်ဝေပေးသည့်ဆည်အတွင်း ဒဏ်ရာများဖြင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြသည်။
ထိုအမှုနှင့်ပတ်သက်ပြီး သံသယရှိသည့် ဟိုတယ်ဝန်ထမ်းတစ်ဦးကိုဖမ်းဆီးကာ ချုပ်ရမန်ယူစစ်ဆေးနေကြောင်း မာန်အောင်မြို့ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
"သူနဲ့အတူတူ အလုပ်လုပ်နေတဲ့ဝန်ထမ်းတစ်ဦးကို မနေ့ကဖမ်းဆီးပြီး ချုပ်ရမန်ယူကာစစ်ဆေးနေပါတယ်။ အခုလောလောဆယ် ကျန်တာတော့ပြောပြလို့မရသေးပါဘူး"ဟု ၎င်းကဆိုသည်။
ကိုမင်းထက်ဝေသေဆုံးမှုမှာ ဓမ္မာအတိုင်းသေဆုံးခြင်းမဟုတ်၍ အမှုမှန်ပေါ်ပေါက်စေလိုကြောင်း ဦးလေးတော်စပ်သူ ဦးကျော်သန်းကပြောသည်။
"အခုတော့ သံသယတရားခံတစ်ဦးကို စစ်နေတယ်လို့သိထားရတယ်။ ဒီအမှုကို အမြန်ဆုံးအမှုမှန်ပေါ်ပေါက်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ပေးစေချင်တယ်"ဟု ၎င်းကပြောသည်။
ကိုမင်းထက်ဝေသေဆုံးစဉ်က လည်ပင်းတွင်ဒဏ်ရာ ၂ ချက်အပြင် မျက်နှာအတွင်း အခြားသောဒဏ်ရာများပါတွေ့ရှိရကြောင်း မိသားစုဝင်များကဆိုသည်။ ၎င်းသေဆုံးမှုနှင့်ပတ်သက်ပြီး မိသားစုဝင်များမှ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် မာန်အောင်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်းသိရသည်။
အဆိုပါအမှုတွင် ဆေးစစ်ချက်ကို လတ်တလောတွင်မရရှိသေးကြောင်း ရဲစခန်းမှသိရသည်။
ကအီးကျေးရွာအနီးရှိ ဟိုတယ်ဇုံကို ယခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိမှာ ဝန်ထမ်းတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့သဖြင့် ၎င်းဟိုတယ်ကိုယာယီပိတ်ထားကြောင်းလည်း သိရသည်။