- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ပြင်ကောက်ဆည်မှပေးဝေသောရေမှာ အနံ့ဆိုးထွက်၍ ဒေသခံများ သုံးစွဲရန်ခက်ခဲနေ
မာန်အောင်မြို့နယ်၊ ပြင်ကောက်ကျေးရွာအနီးတွင်တည်ဆောင်ထားသည့် ပြင်ကောင်ဆည်မှပေးဝေသောရေမှာ အနံ့ဆိုးထွက်သည့်အတွက် ဒေသခံများမှာ ရေသုံးစွဲရန်အခက်အခဲဖြစ်နေရကြောင်း သိရသည်။
08 Apr 2022
DMG ၊ ဧပြီ ၈
မာန်အောင်မြို့နယ်၊ ပြင်ကောက်ကျေးရွာအနီးတွင်တည်ဆောင်ထားသည့် ပြင်ကောင်ဆည်မှပေးဝေသောရေမှာ အနံ့ဆိုးထွက်သည့်အတွက် ဒေသခံများမှာ ရေသုံးစွဲရန်အခက်အခဲဖြစ်နေရကြောင်း သိရသည်။
အဆိုပါလျှိုပိတ်ဆည်ကို ပြင်ကောက်ကျေးရွာအတွင်း ရေရှားပါးမှုမဖြစ်စေရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာနမှ တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်မတ်လမှစတင်ကာ ကျေးရွာအတွင်းသို့ ရေပေးဝေခြင်းခဲ့ခြင်းဖြစ်သည်။
လက်ရှိ ယင်းဆည်မှပေးသောရေမှ အပုတ်နံ့ကဲ့သို့ရရှိနေကြောင်း ပြင်ကောင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမှတ်ထင်ကပြောသည်။
"ရေကတော့ ပုတ်နံ့ နံနေတယ်ဗျ။ ဘာကြောင့်ပုတ်တယ်ဆိုတာတော့ ကျနော်လဲမသိဘူး။ ရေပေးထားတာတော့ တစ်လကျော်လောက်ရှိနေပြီ။ တစ်ရွာလုံးကိုတော့ မရောက်သေးဘူး။ ရေပိုက်သွယ်တန်းရမဲ့အိမ်တွေကျန်သေးတယ်"ဟု ၎င်းကဆိုသည်။
လက်ရှိပြင်ကောက်ကျေးရွာအတွင်း ရေရှားပါးနေခြင်းကြောင့် ယင်းဆည်မှပေးဝေသည့်ရေကိုသာ အသုံးပြုနေရသည်ဟု ဒေသခံများကပြောဆိုသည်။
လက်ရှိ ယင်းရေကိုသုံးစွဲမှုကြောင့် ဝမ်းရောဂါဖြစ်ပွားမည်ကိုစိုးရိမ်မိကြောင်း ဒေသခံ ကိုကျော်လင်းဦးကပြောသည်။
"ရေက လတ်တလောသုံးရင် အနံ့ကတော်တော်နံတယ်။ ညအိပ်ထားရင်တော့ အနံ့ကတော့ နည်းနည်းဘဲနံတော့တယ်။ ရေက မသန့်ရှင်းတဲ့ သဘောရှိတော့ ဝမ်းရောဂါဖြစ်မှာကိုတော့ စိုးရိမ်မိတယ်"ဟု ၎င်းကပြောသည်။
ပြင်ကောက်လျှိုပိတ်ဆည်မှာ အလျား ၃၄၅ ပေရှည်လျားပြီး အမြင့် ၄၀ ပေရှိကာ ထိပ်ဝအကျယ် ၂၀ ပေရှိကြောင်းနှင့် ခန့်မှန်းကုန်ကျငွေကျပ်သန်း ၁၂၀ ဖြင့် တည်ဆောက်ထားကြောင်းသိရသည်။
မာန်အောင်မြို့နယ်အတွင်းတွင် ကြက်တောင်လျှိုပိတ်ဆည်၊ ကံလက်လျှိုပိတ်ဆည်၊ ဒိုးဒန်းလျှိုပိတ်ဆည်နှင့် ပြင်ကောက်လျှိုပိတ်ဆည် စသည့်လျှိုပိတ်ဆည်လေးခုရှိသည်။