လူကြီးရောဂါဖြင့် ပျံလွန်တော်မူသွားသည့် မဏိရတနာဆရာတော်ဘုရားကြီးကိုယနေ့ မီးသဂြိုလ်ပူဇော်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွာကြီးတောင်ရပ်ကွက်ရှိ လူကြီးရောဂါဖြင့်ပျံလွန်တော်မူသွားသည့် မဏိရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသောမမထေရ်မြတ်ကြီး ကိုယနေ့မီးသဂြိုလ်ပူဇော်ခဲ့ပါသည်။

15 Aug 2021

DMG ၊ ဩဂုတ် ၁၅

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွာကြီးတောင်ရပ်ကွက်ရှိ လူကြီးရောဂါဖြင့်ပျံလွန်တော်မူသွားသည့် မဏိရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသောမမထေရ်မြတ်ကြီး ကိုယနေ့မီးသဂြိုလ်ပူဇော်ခဲ့ပါသည်။

ဆရာတော်ကြီးမှာ ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့ကနေလယ်ပိုင်းက လူကြီးရောဂါဖြစ်သည့် လေပြန်ရောဂါဖြင့် ပျံလွန်တော်မူ သွားသည်ဟု သိရသည်။

လက်ရှိတွင်ဆရာတော်ကြီးကိုလာရောက်ပူဇော်သည့် ဒကာ၊ဒကာမများမှာ ၅၀၀ ကျော်လာရောက်ပူဇော်ခဲ့ကြသည်။

ဆရာတော်ကြီးမှာ ပြီးခဲ့သည့်ဇူလိုင်လ ၉ ရက်နေ့က Covid-19 ဖြစ်ပွားသည့်အတွက် ဆေးရုံတွင်ဆေးကုသမှုခံ ယူခဲ့ကာ ၂၂ ရက်နေ့တွင် ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ ဆေးရုံမှဆင်းလာပြီး မဏိရတနာကျောင်း တိုက်တွင် အခုလို့လေပြန်ရောဂါဖြင့် ပျံတော်မူခြင်းကြောင့်ဖြစ်သည်။

ဆရာတော်ကြီးသည် ပျံတော်မူသည်အချိန်တွင် သက်တော် (၈၂) နှစ်နှင့် သိက္ခာတော် (၆၂) ဝါရှိနေပြီးဖြစ် သည်ဟု လည်းသိရသည်။

ဆရာတော်ဘုရားကြီးသည် သာသနဓဇသိရီပဝရ ဓမ္မာစရိယဘွဲ့ကိုမြန်မာ တစ်နိုင်ငံလုံးတွင်ပထမ အဆင့်ဖြင့် အောင်မြင်ခဲ့သူဖြစ်ပြီး ရခိုင်ပြည်နယ်ရဲ့သာသနာ့တော်ထွန်းကားစေရန်အတွက် မဏိရတနာစာသင် တိုက်၌ နှစ်ပေါင်း ၅၀ ကျော်စာပေပို့ချခြင်းများရှိခဲ့သည်။

အခုလို့ဆရာတော်ဘုရားကြီးက နိုင်ငံအကျိုး၊ သာသနာ့အကျိုး၊ အမျိုးဘာသာ သာသနာ့ကို စသည်အရာများကို သယ်ပိုးဆောင်ရွက်နိုင်သည့်အတွက် ရခိုင်ပြည်နယ်တွင် သုံးပါးမြောက်အဖြစ် နိုင်ငံတော်အစိုးရက ပေးအပ် သည့် အဘိဓဇမဟာရဌဂုရုဘွဲ့ကို ချီးမြှင့်ခံခဲ့ရခြင်းလည်းဖြစ်သည်။