- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မောင်တောခရိုင်ပညာရေးမှူး ဓားထိုးခံရပြီး ဆေးရုံတွင်သေဆုံး
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မှ ခရိုင်ပညာရေးမှူးမှာ ယနေ့(အောက်တိုဘာလ ၂ ရက်) ညနေ ၆ နာရီခန့်က ဓားထိုးခံရပြီး သေဆုံးသွားခဲ့ကြောင်း ပညာရေးအသိုင်းအဝိုင်းမှ သိရသည်။
02 Oct 2022
DMG ၊ အောက်တိုဘာ ၂
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မှ ခရိုင်ပညာရေးမှူးမှာ ယနေ့(အောက်တိုဘာလ ၂ ရက်) ညနေ ၆ နာရီခန့်က ဓားထိုးခံရပြီး သေဆုံးသွားခဲ့ကြောင်း ပညာရေးအသိုင်းအဝိုင်းမှ သိရသည်။
သေဆုံးသူမှာ မောင်တောခရိုင်ပညာရေးမှူး ဒေါက်တာ မြင့်မြင့်စန်း (၅၈)နှစ်ဖြစ်သည်။ ၎င်းကို အမည်မသိ လူသုံးဦးက ခရိုင်ပညာရေးမှူးရုံးထဲတွင် ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း ပညာရေးအသိုင်းအဝိုင်းမှ အမည်မဖော်လိုသူတစ်ဦးက DMG သို့ပြောသည်။
“ဒီနေ့က ဥပုဒ်နေ့ဆိုတော့ လူအသွားအလာသိပ်များတယ်။ ဘယ်သူသတ်သွားဆိုတာကိုတော့ မသိရသေးဘူး။ ဓားထိုးခံရပြီးတော့ ဆေးရုံးမှာ ဆုံးသွားတာပါ။ အခုတော့ အလောင်းက မောင်တောဆေးရုံမှာပါ”ဟု ၎င်းကဆိုသည်။
ထိုသို့ ဓားထိုးခံရမှုကြောင့် ဒေါက်တာ မြင့်မြင့်စန်းမှာ ရင်ဘတ်၊ မျက်နှာနှင့် လည်ပင်းတို့တွင် ဓါးဒဏ်ရာများရရှိခဲ့သဖြင့် မောင်တောပြည်သူ့ဆေးရုံသို့ပို့ဆောင်ပြီး ဆေးကုသမှုခံယူစဉ် သေဆုံးသွားခဲ့သည်။
ဒေါက်တာ မြင့်မြင့်စန်းမှာ မောင်တောခရိုင်ပညာရေးမှူးရုံးသို့ ပြောင်းရွှေ့လာသည့်မှာ ၁ နှစ်ခန့်သာရှိသေးသည်။ ၎င်းကို ဓားဖြင့်လုပ်ကြံသွားသူမှာ မည်သူမည်ဝါဖြစ်သည်ကို လတ်တလောတွင် မသိရသေးပေ။
ယခုကဲ့သို့ မောင်တောခရိုင်ပညာရေးမှူး ဓားထိုးခံရပြီး သေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်ကိုသိရှိနိုင်ရန် ပြည်နယ်ပညာရေးမှူးနှင့် မောင်တောမြို့နယ် ရဲစခန်းတို့ကို DMG မှ ဆက်သွယ်နေဆဲဖြစ်ပြီး ထူးခြားမှုရှိပါက ဆက်လက်ဖော်ပြပေးသွားပါမည်။