- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မောင်တောတွင် ထွေ/အုပ်ဝန်ထမ်းတစ်ဦး သတ်ဖြတ်ခံရ (သတင်းတို)
မောင်တောမြို့ အမှတ်(၁) ရပ်ကွက် ရှိတ္တာရွာမှ ထွေ/အုပ်ဝန်ထမ်းတစ်ဦး ယနေ့ နံနက် ၁ နာရီ အချိန်ခန့်က သတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။
23 Dec 2021
DMG | ဒီဇင်ဘာ ၂၃
မောင်တောမြို့ အမှတ်(၁) ရပ်ကွက် ရှိတ္တာရွာမှ ထွေ/အုပ်ဝန်ထမ်းတစ်ဦး ယနေ့ နံနက် ၁ နာရီ အချိန်ခန့်က သတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။
သတ်ဖြတ်ခံရသူမှာ အသက်(၂၆) နှစ်အရွယ် ကိုဆန်းဌေးနိုင်ဖြစ်ပြီး လည်ပင်လှီးသတ် ဖြတ်ခံရခြင်းဖြစ်ကြောင်း မောင်တောမြို့ ကရုဏာကွန်ယက်ဖောင်ဒေးရှင်းပရဟိတအသင်းဥက္ကဌ ကို ချစ်ထူးနိုင်က DMG သို့ပြောသည်။
“အသတ်ခံရတာ လည်ပင်လှီးပြီးတော့ အသတ်ခံရတာ။ သူကထွေအုပ်ဝန်ထမ်းတစ်ဦးပါ။ ဘယ်သူသတ်သွားလည်းဆိုတာကိုတော့ ရဲက စုံစမ်းနေပါတယ်။ အခုတော့ အလောင်းကို ဆေးရုံပို့လိုက်ပါပြီ”ဟု ၎င်းကပြောသည်။
အသတ်ခံရသည့်နေရာမှာ မောင်တောမြို့ စက်လှေဆိပ်အနီးတွင် သတ်ဖြတ်ခံရခြင်းဖြစ်ပြီးမည်သူသတ်သွားသည်ကို မသိရသေးကြောင်း ကိုချစ်ထူးခိုင်က ဆက်ပြောသည်။
ထိုသို့ ထွေအုပ်ဝန်ထမ်းတစ်ဦးသတ်ဖြတ်ခံရခြင်းနှင့်ပတ်သက်ပြီး မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်အား DMG မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။