- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အမ်းမြို့နယ်အနီးတွင် မွတ်ဆလင် ၁၅ ဦးနှင့် ချင်းလူမျိုး ၃ ဦးတို့ ဖမ်းဆီးခံရ
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အထက်မထိန်ကျေးရွာအနီးရှိ တောအုပ်ထဲတွင် မွတ်ဆလင် ၁၅ ဦးနှင့် ၎င်းတို့ကိုခေါ်ဆောင်လာသည့် ပွဲစား ချင်းလူမျိုး ၃ ဦးတို့ ဖမ်းဆီးခဲ့ကြောင်း အမ်းမြို့မရဲစခန်းမှ သိရသည်။
21 Apr 2022
DMG ၊ ဧပြီ ၂၁
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အထက်မထိန်ကျေးရွာအနီးရှိ တောအုပ်ထဲတွင် မွတ်ဆလင် ၁၅ ဦးနှင့် ၎င်းတို့ကိုခေါ်ဆောင်လာသည့် ပွဲစား ချင်းလူမျိုး ၃ ဦးတို့ ဖမ်းဆီးခဲ့ကြောင်း အမ်းမြို့မရဲစခန်းမှ သိရသည်။
၎င်းတို့ကို ယမန်နေ့(ဧပြီ ၂၀ ရက်) နံနက် ၁၀ နာရီခန့်ကဖမ်းဆီးခဲ့ခြင်းဖြစ်ကာ မွတ်ဆလင် ၁၅ ဦးထဲတွင် အမျိုးသား ၁၃ နှင့် အမျိုးသမီး ၂ ဦးပါဝင်ပြီး စစ်တွေနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် နေထိုင်သူများဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
အဆိုပါ မွတ်ဆလင် ၁၅ ဦးကို အမ်းမြို့နယ် လဝကဦးစီးဌာနတွင်လွှဲပြောင်းအပ်နှံခဲ့ပြီး ချင်းလူမျိုး ၃ ဦးကိုကား ရာဇသတ်ကြီးပုဒ်မ-(၃၆၇)ဖြင့် အရေးယူရန် အမ်းမြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း အမ်းမြို့မစခန်းမှူး ဒုရဲမှူး မျိုးကြည်က DMG သို့ပြောသည်။
“မွတ်ဆလင်တွေကတော့ လဝကအက်ဥပဒေနဲ့ငြိလို့ လဝကနဲ့အပ်ထားရတယ်။ ချင်းလူမျိုးသုံးဦးကိုတော့ တရားမဝင်လူသယ်ဆောင်မှု ရာဇသတ်ကြီးပုဒ်မ-(၃၆၇)နဲ့ သူတို့ကိုအရေးယူဖို့ ရှိတာပေါ့။ မွတ်ဆလင်တွေကတော့ လဝကတွေက လဝကအက်ဥပဒေနဲ့ တရာရုံးမှာ တရားစွဲမှာလေ”ဟု ဒုရဲမှူး မျိုးကြည်ကဆိုသည်။
ရခိုင်ပြည်နယ်မှ အခြားနေရာများသို့ အလုပ်လုပ်ကိုင်ရန်သွားရောက်သည့် မွတ်ဆလင်များမှာ အမ်းမြို့နယ်စစ်ဆေးရေးဂိတ်တွင် မကြာခဏဖမ်းဆီးခံရမှုများရှိသည်။
မြန်မာတနိုင်ငံလုံးတွင်လည်း ယခုဧပြီလ ၁ ရက်နေ့မှစပြီး ပြည်သူများ ခရီးသွားလာရာတွင်လည်းကောင်း၊ တည်းခိုနေထိုင်ရာများတွင်လည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)ပါမှသာလျှင် ခရီးသွားလာခွင့်ပြုမည်ဟု စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။