- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
DKBA ဌာနချုပ်အနီး တိုက်ပွဲတွင် ဒေသခံများ သေဆုံးဒဏ်ရာရ၊ လူပေါင်းထောင်ချီထွက်ပြေး
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မြဝတီ-ဝေါလေမြိုင်ကားလမ်းရှိ ကရင်အမျိုးသားဒီမိုကရေစီအကျိုးပြုတပ်မတော်(DKBA) ဌာန ချုပ်အနီးတွင် စက်တင်ဘာ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့ နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားမှုကြောင့် အနီးရှိ တောင်နီကျေးရွာမှ ဒေသခံတစ်ထောင်ကျော်မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
17 Sep 2022
DMG ၊ စက်တင်ဘာ ၁၇
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မြဝတီ-ဝေါလေမြိုင်ကားလမ်းရှိ ကရင်အမျိုးသားဒီမိုကရေစီအကျိုးပြုတပ်မတော်(DKBA) ဌာန ချုပ်အနီးတွင် စက်တင်ဘာ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့ နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားမှုကြောင့် အနီးရှိ တောင်နီကျေးရွာမှ ဒေသခံတစ်ထောင်ကျော်မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
DKBA ဌာနချုပ် ဆုံဆည်းမြိုင်အနီးတွင် စစ်ကောင်စီတပ် အင်အား(၁၀၀)ဝန်းကျင်မှာ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ကေအန်ယူ တပ်မဟာ(၆) KNLA ပူးပေါင်းအဖွဲ့ ကော်ဘရာစစ်ကြောင်းနှင့် နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း KNLA သတင်းရင်းမြစ်တစ်ဦးကပြောသည်။
“DKBA စခန်းအနီးမှာ တိုက်ပွဲဖြစ်ပွားတယ်။ ၁၅ ရက်နေ့မှာတော့ အင်အားအလုံးအရင်းနဲ့ စစ်ကောင်စီတပ်တွေ တက်လာတာ။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ရင်း တိုက်ပွဲဖြစ်တယ်။ နောက် ၁၆ ရက်နေ့ကျတော့ စစ်ကောင်စီတပ်က အင်အားထပ်တိုးပြီး တက်ဖို့ကြိုးစားတဲ့အတွက် တိုက်ပွဲထပ်ဖြစ်တယ်။ အခုကတော့ စောင့်ကြည့်နေဆဲဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် DKBA ဌာနချုပ်အနီးမှ တောင်နီ(လေးဝေါ်)ကျေးရွာရှိ ဒေသခံ (၁၀၀၀)ကျော်နှင့် ဆုံဆည်းမြိုင်ဘုန်းကြီးကျောင်းမှ သေ့ဘော့ဘိုးစစ်ဘေးရှောင်(၁၀၀၀)ကျော်တို့မှာ ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်သူများထံမှ သိရသည်။
စစ်ရှောင်ကူညီရေးလုပ်ဆောင်သူတစ်ဦးက “တောင်နီရွာအနီးမှာ တိုက်ပွဲဖြစ်ပွားလို့ တရွာလုံးနီးပါး အကုန်ထွက်ပြေးလာရတယ်။ သေ့ဘော့ဘိုးရွာ စစ်ရှောင်တွေလည်း ဆုံဆည်းမြိုင်ဘုန်းကြီးကျောင်းမှာ မနေရဲတော့လို့ အခုထိုင်းနယ်စပ်ကိုလာပြီး ရှောင်နေရတယ်”ဟု ပြောသည်။
လက်နက်ကြီးကျရောက်မှုကြောင့် သေ့ဘော့ဘိုးကျေးရွာမှ အသက် ၄၀ နှစ်ကျော်အရွယ် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး ဦးခေါင်းထိမှန်သေဆုံးခဲ့ပြီး နောက်နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရှောင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတစ်ဦးကဆိုသည်။
“အမျိုးသမီးတစ်ဦး ခေါင်းကွဲအပြင်းအထန်ဒဏ်ရာရရှိပြီးတော့ အသက်ဆုံးတယ်။ နောက်ထပ် အမျိုးသားနှစ်ဦးကတော့ လက်မောင်းနဲ့ ပေါင်တို့ကို သေနတ်ကျည်မှန်တဲ့ ဒဏ်ရာရရှိခဲ့ပါတယ်”ဟု ၎င်းကပြောသည်။
ယနေ့(စက်တင်ဘာလ ၁၇ ရက်)တွင် စစ်ကောင်စီတပ်အင်အား ၂၀၀ ကျော်မှာ ဥကရစ်ထစခန်း သုံးထပ်ကွေ့နေရာသို့ စစ်ကြောင်းထိုးနေမှုကြောင့် KNLA ပူးပေါင်းအဖွဲ့နှင့် နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိနေသည်။