- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အပူပိုင်းမုန်တိုင်း “နို”(NOUL)အရှိန်ဖြင့် တိုင်းနှင့်ပြည်နယ် ၁၀ ကျော်တွင် ယခုရက်ပိုင်းအတွင်း မိုးကြီး၍ လေပြင်းများ တိုက်ခိုက်လာနိုင်ကြောင်း မိုးဇလသတိပေး
အပူပိုင်းမုန်တိုင်း“နို”( NOUL)အရှိန်ဖြင့် တိုင်းနှင့်ပြည်နယ် ၁၀ ကျော်၌ မိုးကြီးကာ လေပြင်းများတိုက်ခိုက်လာ နိုင်ကြောင်း စက်တင်ဘာလ ၁၆ ရက်နေ့က မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
17 Sep 2020
ဉာဏ်ဟိန်း | DMG
စက်တင်ဘာ ၁၇ ၊ စစ်တွေ
အပူပိုင်းမုန်တိုင်း“နို”( NOUL)အရှိန်ဖြင့် တိုင်းနှင့်ပြည်နယ် ၁၀ ကျော်၌ မိုးကြီးကာ လေပြင်းများတိုက်ခိုက်လာ နိုင်ကြောင်း စက်တင်ဘာလ ၁၆ ရက်နေ့က မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် အဆိုပါမုန်တိုင်းမှာ အရှေ့ပိုင်းမှအနောက်ဘက်သို့ ရွှေ့လျားကာ ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ပြီး ၎င်း၏အကြွင်းအကျန် တိမ်တိုက်များ ဖြတ်သန်းလာနိုင်မှုကြောင့် ကပ္ပလီပင်လယ်နှင့် ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုန်လေအားလျော့ရာမှ အားအလွန်ကောင်းလာနိုင်သည်ဟု ပါရှိသည်။
ထို့ကြောင့် စက်တင်ဘာ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့တွင်း နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းပြီး ဒေသအလိုက်မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်သည်။
“အဓိကတော့ ဒီမုန်တိုင်းအရှိန်ဟာ မနက်ဖြန်အစောပိုင်းလောက်ကျရင် ဗီယက်နမ်ကိုဖြတ်မယ်။ နောက် ဗီယက်နမ်ကို ဖြတ်ပြီးသွားရင် ထိုင်းနိုင်ငံကိုဖြတ်ပြီးတော့ သူရဲ့တိမ်တိုက်အကြွင်းအကျန်တွေဟာ ကျွန်တော်တို့ ဖက်ကို ဖြတ်ထွက်နိုင်တဲ့ အခြေအနေရှိတယ်။ ဖြတ်ထွက်လာနိုင်တဲ့အတွက်ကြောင့် တိုင်းဒေသကြီးတချို့နဲ့ မြို့နယ်အချို့မှာ မိုးကြီးပြီးတော့ လေပြင်းတွေကျရောက်နိုင်တယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက DMG သို့ပြောသည်။
သို့ဖြစ်၍ လျှပ်တပြက် ရေကြီးမှုများ(Flash Flood)ကြောင့် မိမိတို့အုပ်ချုပ်မှုအောက်ရှိ ရုံးအဆောက်အဦးများ၊ အရေးကြီး စာရွက်စာတမ်းများ၊ ဝန်ထမ်းအိမ်ရာများ၊ သိုလှောင်ရုံများ၊ စက်ပြင်အလုပ်ရုံများနှင့် စက်ယန္တရားများ ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်မှု အစီမံများကို ဆောင်ရွက်ထားရှိရန် မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
ထို့ပြင် တမံနှင့်ဆက်စပ်အဆောက်အအုံများ၊ ရေလွှဲဆည်၊ ရေထိန်းတံခါး၊ ကန်၊ မြစ်ရေတင်လုပ်ငန်းများ၊ ရေပေး မြောင်းများနှင့် ရေပေးအဆောက်အအုံများ၊ ရေဘေးကာကွယ်ရေတာများနှင့် ရေငန်တားတာများ ထိခိုက် ပျက်စီးမှုမဖြစ်ပေါ်စေရေးအတွက် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစီမံချက်(EPP) ပါ လုပ်ငန်းစဉ်များနှင့် အညီ ဆောင်ရွက်ထားရှိသင့်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။