- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တောင်ကုတ်က ဆီဆိုင်ကို ဆောက်လုပ်ခွင့်ပေးခြင်းမှာ ဥပဒေနှင့်မညီဟု ဒေသခံများပြော
တောင္ကုတ်မြို့ ကိုင်းရွည်ရပ္ကြက္တြင် လူနေအိမ်ကြား စက်သုံးဆီဆိုင် ဆောက္လုပ်ျခင်းကို ဒေသခံမ်ား ကန့္ကြက်နေသည့်ကြားက ရခိုင်ျပည္နယ္စစ်ကောင္စီအဖြဲ့ဝင် သယံဇာတေရးရာဝန်ကြီး ဦးသန်းထြန်းမွ ဆက္လက် ဆောက္လုပ္ခြင့်ျပုျခင်းသည် ဥပေဒနွင့် ကိုက်ညီမှုမရွိသလို ဥပေဒကို လေးစားလိုက္နာမှုမရွိကြောင်း တောင္ကုတ်ျပည်သူမ်ားက ေျပာဆိုကြသည်။
04 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၄
တောင်ကုတ်မြို့ ကိုင်းရှည်ရပ်ကွက်တွင် လူနေအိမ်ကြား စက်သုံးဆီဆိုင် ဆောက်လုပ်ခြင်းကို ဒေသခံများ ကန့်ကွက်နေသည့်ကြားက ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းမှ ဆက်လက် ဆောက်လုပ်ခွင့်ပြုခြင်းသည် ဥပဒေနှင့် ကိုက်ညီမှုမရှိသလို ဥပဒေကို လေးစားလိုက်နာမှုမရှိကြောင်း တောင်ကုတ်ပြည်သူများက ပြောဆိုကြသည်။
တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးနယ်နမိတ်အတွင်း ဆီဆိုင်များ ဆောက်လုပ်ခြင်းမပြုရန် ၂၀၁၂ ခုနှစ်က မီးသတ်ဦးစီးဌာန၏ ဥပဒေပုဒ် ၁၇ အရ ထုတ်ပြန်ထားပြီး ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက ယင်းဥပဒေကို ဆန့်ကျင်နေကြောင်း ကိုင်းရှည်ရပ်ကွက်ဒေသခံ ကိုသက်နိုင်က ပြောသည်။
"ဆီဆိုင်တွေ မီးလောင်မှုဖြစ်ကြလို့ မြို့တွင်းနယ်နမိတ်အတွင်း ဆီဆိုင်မဆောက်လုပ်ဖို့ ၂၀၁၂ ခုနှစ်က မီးသတ်ဦးစီးဌာန ဥပဒေ ပုဒ်မ ၁၇ အရ ထုတ်ပြန်ထားတယ်။ အခု အဲဒီ ဥပဒေအရ မြို့တွင်း လူနေအိမ်ကြားမှာ ဆောက်နေတဲ့ ဆီဆိုင်ကို ပြည်သူတွေက သဘောမကျလို့ ကန့်ကွက်ကြတယ်။ အဲတာကို အစိုးရ တစ်ရပ်အနေနှင့် ထုတ်ပြန်ထားတဲ့ ဥပဒေအတိုင်း ကန့်ကွက်တာကို လက်မခံဘဲ ဆက်လက် ဆောက်လုပ်ခွင့်ပေးမယ်ဆိုတော့ ထုတ်ပြန်ထားတဲ့ ဥပဒေက လိုသလို သုံးလို့ ရသလား။ ဥပဒေကို မလိုက်နာတာလား မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ " ဟု သူက ဆိုသည်။
ယင်းဆီဆိုင်မှာ တောင်ကုတ်မြို့နယ်မှ ဦးထွန်းကြွယ် ပိုင်ဆိုင်သော ဆီဆိုင်ဖြစ်ပြီး လူနေအိမ်များတည်ရှိရာ ကိုင်းရှည်ရပ်ကွက် အာလိန်ငါးဆင့်ဘုရားအနီး ဆောက်လုပ်နေခြင်းဖြစ်သည်။ ဇန်နဝါရီလ ၃ ရက်နေ့ကလည်း တောင်ကုတ်ပြည်သူများက ကန့်ကွက်ကြောင်း လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဆီဆိုင်ရှိရာသို့ ကွင်းဆင်းခြင်းမလုပ်ဘဲ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၏ ခွင့်ပြုသည့် လုပ်ရပ်သည် လက်ရှိ စစ်ကောင်စီအား ပုံရိပ်ကျစေသည်ဟု တောင်ကုတ်မြို့အပြင်ဘက်တွင် စက်သုံးဆီရောင်းနေသူ တစ်ဦးက ဝေဖန်ထားသည်။
" အပြင်မှာဘဲ ဆောက်ရမယ်ဆိုလို့ ဆီဆိုင်အကုန်လုံး မြို့ပြင်မှာဘဲ ဆောက်ကြတယ်။ အခု ဒီဆီဆိုင်က မြို့တွင်းမှာ လာပြီးဆောက်လုပ်ခွင့်ပေးတယ်။ ဆိုတော့ ဥပဒေနှင့် လက်ရှိအစိုးရကို ပုံရိပ်ကျဆင်းအောင် လုပ်နေသလားလို့တောင် မေးခွန်းထုတ်စရာ တွေးစရာတွေ ဖြစ်လာတယ်" ဟု သူကဆိုသည်။
ဆီဆိုင်ဆောက်လုပ်ခြင်းကို သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း ပြောဆိုထားသလို လူတစ်စုမှ ကန့်ကွက်နေခြင်း မဟုတ်ဘဲ ရပ်ကွက်သူ ရပ်ကွက်သား အကုန်လုံးမှ ကန့်ကွက်နေခြင်းဖြစ်ကြောင်း ကိုင်းရှည်ရပ်ကွက်နေထိုင်သူ ဦးရဲလင်းအောင်က ပြောသည်။
တောင်ကုတ်မြို့အတွင်း ၂၀၁၂ ခုနှစ်က ဆီဆိုင်မီးလောင်မှုတစ်ကြိမ်ဖြစ်ခဲ့သလို ၂၀၀၃ ခုနှစ်ကလည်း ဆီဆိုင်မီးလောင်မှုရှိခဲ့၍ လူနေအိမ်များပါဝင်သွားသည်။ ယင်းအပြင် ယခုနှစ် ဇန်နဝါရီလတွင်လည်း တောင်ကုတ်တက္ကသိုလ်အနီးရှိ စိန်ပန်းခိုင်ဆီဆိုင် မီးလောင်မှုဖြစ်ပွားခဲ့သည်။