- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ပုလော စစ်ရှောင်စခန်းများတွင် ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်နေ
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ စစ်ဘေးရှောင် ခန်းများတွင် စားနပ်ရိက္ခာ နှင့်ဆေးဝါးများ ပြတ်လပ်လာနေကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများထံ မှ သိရသည်။
21 Jun 2022
DMG ၊ ဇွန် ၂၁
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ စစ်ဘေးရှောင် ခန်းများတွင် စားနပ်ရိက္ခာ နှင့်ဆေးဝါးများ ပြတ်လပ်လာနေကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများထံ မှ သိရသည်။
ထိုသို့ ပြန်လပ်လာရခြင်းမှာ တနင်္သာရီ - ပုလော ကားလမ်းမတလျေက်တွင် စစ်ကောင်စီ တပ်သားများက စစ်ဆေးရေး တင်းကြပ်နေမှုများကြောင့် စစ်ဘေးရှောင်စခန်းများသို့ လိုအပ်သည့် ရိက္ခာများ ပို့ဆောင်ရန်အ ခက်ကြုံနေရခြင်းဟု ပုလောမြို့နယ် စစ်ရှောင်ကူညီရေး လုပ်ဆောင်သူတစ်ဦးမှပြောသည်။
“ကားလမ်းမ အသွားအလာတွေမှာ စစ်ကောင်စီတပ်သားတွေက စစ်ဆေးတာ အရင်ထက်ပိုကြပ်လာတယ်။ တနေရာနဲ့ တနေရာ သွားဖို့တောင် မလွယ်ကူဘူး ဖြစ်နေတယ်။ ရိက္ခာပို့ဖို့အတွက်ကို သွားလာဖို့က တောင်စ ဉ်းစားနေရတယ် ” ဟု အဆိုပါ စစ်ရှောင်များကို ကူညီရေးလုပ်ဆောင်သူ တစ်ဦးကပြောသည်။
ထို့အပြင် ယခုဇွန်လ ဒုတိယ အပတ်မှ စပြီး ရာသီတုပ်ကွေးနှင့် ငှက်ဖျားရောဂါများမှာ ယခင် မေလထက်ပိုမို ဖြစ်ပွားလာလာပြီး စစ်ဘေးရှောင်များအတွက် ဆေးဝါး လုံလောက်မှုမ ရှိဖြစ်နေ ရကြောင်း လည်း စစ်ရှောင်များကို ဆေးကုသပေးနေသည့် ကျန်းမာရေးဝ န်ထမ်းများထံမှသိရသည်။
“ဆေးဝါးတွေက ဒီလ အစောပိုင်းက တဲကပြတ်ကုန်တာ။ အဲဒီတော့ ရာသီတုပ်ကွေးနဲ့ ငှက်ဖျားရောဂါကို ကုသဖို့အတွက် ဆေးဝါးတွေက လုံးဝမရှိသလောက် ဖြစ်နေတယ်။ အရင် မေလ ထက်စစ် ရှောင်စခန်း အတွင်း ထဲမှာ ကောရွာ တွေထဲမှာပါ ရောဂါဖြစ်တဲ့သူပိုများလာတယ် ” ဟု စစ်ရှောင်များကို ဆေးကုသပေးနေသည့် ကျန်းမာရေး ဝန်ထမ် း တစ်ဦးမှ ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ပထမ အပတ်မှစပြီး ပုလောမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်နှင့် ကေအန်ယူတ ပ်မဟာ (၄) KNDO ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများကြောင့် ဒေသခံ စစ်ရှောင်ဦးရေ (၁၄၃၅) ဦးအထိရှိနေကြောင်း ပုလောစစ်ရှောင်ကူညီရေး လုပ်ဆောင်သူများ ထံမှသိရသည်။
“ပုလောမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ အရင်ထက်ပို ဖြစ်လာတယ်။ ဒီလဝက်ထဲမှာ စစ်ဘေးရှောင်တဲ့ လူဦးရေသုံး ရာထပ်တိုးတယ်။ အရင်က ၁၁၀၀ ကျော်ရှိတာပေါ့။ အဲဒီဒေသခံ ၁၄၀၀ ကျော်ထဲမှာ ကိုယ်ဝန်ဆောင်သည်အ မျိုးသမီး (၁၇) ဦးပါ ဝင်လာတယ်။ သူတို့ရဲ့ ကျန်းမာရေးတွေ အတွက်လည်း အခက်အခဲတွေ အများကြီးဖြစ်ရတယ် ” ဟု စစ်ရှောင်များကို ကူညီ ထောက်ပံ့ပေးနေသူ တစ်ဦးက ဆိုသည်။
ထို့အပြင် ပုလောမြို့နယ်သို့ စစ်ကောင်စီတပ်မှ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့မှု ကြောင့် KNDO ပူးပေါင်းအဖွဲ့နှင့် ယခု ဇွန်လအတွင်း တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး နေအိမ် (၅) လုံးမှာ မီးလောင်ကျွမ်း ပျက်စီးခဲ့သည်။