- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ယနေ့ ရုံးချိန်းတွင် ထောင်ဒဏ် ၄ နှစ်စီချမှတ်
နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ယနေ့ နိုဝင်ဘာ ၆ ရက်နေ့ ရုံးချိန်းတွင် မြန်မာစစ်ကောင်စီမှ နေပြည်တော်ဇဗ္မူသီရိမြို့နယ်ရှိ အထူးတရားရုံး၌ ထောင်ဒဏ်လေးနှစ်ချမှတ်လိုက်ကြောင်းသိရသည်။
06 Dec 2021
DMG ၊ ဒီဇင်ဘာ ၆
နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ယနေ့ နိုဝင်ဘာ ၆ ရက်နေ့ ရုံးချိန်းတွင် မြန်မာစစ်ကောင်စီမှ နေပြည်တော်ဇဗ္မူသီရိမြို့နယ်ရှိ အထူးတရားရုံး၌ ထောင်ဒဏ်လေးနှစ်ချမှတ်လိုက်ကြောင်းသိရသည်။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို မြန်မာစစ်ကောင်စီမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း တရားစွဲဆိုခဲ့သည့် ပြစ်မှုများအနက်မှ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအဝင် သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀ တို့ကို တစ်မှုလျှင်ထောင်ဒဏ် ၂ နှစ်စီ ကျခံစေရန်နှင့် စုစုပေါင်း ထောင်ဒဏ် လေးနှစ်ကျခံရန် အမိန့်ချမှတ်ခဲ့သည်။
ထို့အပြင် နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့်အတူ ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံရသူ နေပြည်တော်ကောင်စီဥက္ကဌ ဦးမျိုးအောင်ကိုလည်း မြန်မာစစ်ကောင်စီမှ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း နေပြည်တော်တရားရုံးနှင့် နီးစပ်သူများမှ သိရသည်။
အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်လေးနှစ်ချမှတ်ခံရသည်မှာ မှန်ကန်ပြီး အယူခံဝင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဥပဒေအကြံပေးများနှင့် နီးစပ်သူက DMG ကို ပြောသည်။
" အမေစုကို ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။ လေးနှစ်ပေါ့။ တစ်မှုကို ၂ နှစ်စီနဲ့ ချမှတ်လိုက်တာပါ။ သမ္မတကြီး ဦးဝင်းမြင့်ကိုလည်း အတူတူအမိန့်ချမှတ်လိုက်တာပါ" ဟု အဆိုပါနီးစပ်သူက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ မြန်မာစစ်ကောင်စီ၏ အာဏာသိမ်းမှုအပေါ် ဗဟိုအလုပ်မှုဆောင်ကော်မတီ (CEC) ၏ ထုတ်ပြန်ချက်ကြောင့် ဥပဒေပုဒ်မ ၅၀၅ (ခ) နှင့် တရားစွဲဆိုကာ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးနီးစပ်သူများထံမှ သိရသည်။
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်တွင် အမိန့်ချမှတ်ရန် မြန်မာစစ်ကောင်စီ၏ အထူးတရားမှကြိုးစားခဲ့ပြီး သက်သေစစ်ဆေးရန် မပြည့်စုံမှုကြောင့် ယနေ့သို့ ရုံးချိန်းပေးခဲ့သည်။
ထို့အပြင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို အရပ်ဘက်သုံး ရဟတ်ယာဉ်အသုံးပြုရာတွင် ကုန်ကျစရိတ်များကို တင်ပြရှင်းလင်းခြင်းမရှိဟုဆိုပြီး မြန်မာစစ်ကောင်စီမှ အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် နိုဝင်ဘာ ၃၀ ရက်နေ့တွင် တရားစွဲဆိုထားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်ကောင်စီမှ အာဏာသိမ်းယူသည့် အချိန်မှစကာ တရားစွဲခဲ့ပြီး နှစ်ရှည်ကျခံမည့် ဥပဒေပုဒ်မ ၁၂ ခုအထိရှိကြောင်း သိရသည်။