- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်တွေတွင် ရခိုင်တိုင်းရင်းသားမျိုးနွယ်စု ဓာတ်ပုံပြပွဲပြုလုပ်
စစ်တွေမြို့ အာရီယာန်ခန်းမ၌ ဩဂုတ်လ ၂၇ ရက်နေ့၊ ညနေ ၅ နာရီမှ ၈ နာရီအထိ ရခိုင်တိုင်းရင်းသားမျိုးနွယ်စု ဓာတ်ပုံပြပွဲကို ရခိုင်မျိုးဆက်သစ်အသင်း(AOANG)မှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
28 Aug 2022
DMG ၊ ဩဂုတ် ၂၈
စစ်တွေမြို့ အာရီယာန်ခန်းမ၌ ဩဂုတ်လ ၂၇ ရက်နေ့၊ ညနေ ၅ နာရီမှ ၈ နာရီအထိ ရခိုင်တိုင်းရင်းသားမျိုးနွယ်စု ဓာတ်ပုံပြပွဲကို ရခိုင်မျိုးဆက်သစ်အသင်း(AOANG)မှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဓာတ်ပုံပြပွဲတွင် ဓာတ်ပုံဆရာ ကိုပိုင်စိုး၏ ဓာတ်ပုံကားချပ် ၂၀ ကျော်နှင့် ရခိုင်မျိုးဆက်သစ်အသင်းမှ သင်တန်းသူများ၏ ပန်းချီလက်ရာများလည်း ပါရှိသည်။
"ကျနော်တို့ ရခိုင်ပြည်မှာဆိုရင် တကယ့်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ လူတွေကိုဆွဲဆောင်နိုင်တဲ့ ယဉ်ကျေးမှုဆိုတာရှိပါတယ်။ဥပမာ- မြို၊ ခမီ၊ သက်၊ သက္ကမ(ဒိုင်းန)၊ ကမန်၊ မရမာကြီး၊ ရခိုင်အားလုံးတိုင်းရင်းသားလူမျိုး တစ်မျိုးချင်းစီမှာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဖန်တီးမှုဆိုတာ ရှိပါတယ်။ အဲဒါတွေကို ကျနော်တို့ကဖော်ထုတ်ဖို့ အများကြီးလိုပါတယ်။ အခုလိုဖော်ထုတ်ခြင်းအားဖြင့် ကျနော်တို့ရဲ့လူမျိုးတွေကို လူတွေသိလာမယ်၊ တလေးတစားနဲ့ဆက်ဆံလာကြမယ်၊ တန်ဖိုးထားတတ်လာမယ်။ ကိုယ်တို့လူမျိုးအချင်းချင်းကြားထဲမှာလည်း တစ်ဖက်နဲ့တစ်ဖက် လူမျိုးတစ်မျိုးနဲ့တစ်မျိုးကလည်း အပြန်အလှန်တန်ဖိုးထားတတ်လာကြပြီးရင် ဆက်ဆံရေး ပိုမိုကောင်းမွန်လာအောင်လို့ ကျနော်တို့က အခုလိုရခိုင်တိုင်းရင်းသားမျိုးနွယ်စု ဓာတ်ပုံပြပွဲပြုလုပ်ရခြင်းဖြစ်ပါတယ်"ဟု ရခိုင်မျိုးဆက်သစ်အဖွဲ့မှ အတွင်းရေးမှူး ကိုသန်းနိုင်ဝင်းက DMG ကိုပြောသည်။
ယခုကဲ့သို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဓာတ်ပုံပြပွဲကို တက်ရောက်ရသည့်အတွက် ဝမ်းမြောက်မိကြောင်းနှင့် ရိုးရာဓလေ့များဖော်ထုတ်ပေးသင့်ကြောင်း ခမီတိုင်းရင်းသား ဦးလေကျော်က DMG သို့ပြောသည်။
"အကြိုက်ဆုံးပွဲပါပဲ။ အခုလို့ရိုးရာဓလေ့ဖော်ထုတ်ပေးတာ။ ဓာတ်ပုံပြပွဲပြိုင်ပွဲကျင်းပ ပြုလုပ်ပေးတဲ့အတွက်လည်း ဝမ်းမြောက်ဝမ်းသာလည်းဖြစ်တယ်။ အခုလိုပွဲမျိုးတွေ လုပ်သင့်လုပ်ထိုက်တယ်။ ဒါမှလည်း ကိုယ့်မြေကိုယ့်တိုင်းပြည်ထဲမှာ ကိုယ်တို့အချင်းချင်းဘယ်လောက်စည်းရုံးမှုရှိလည်းဆိုတာကို ဖော်ပြပြီးသားဖြစ်တယ်။ ဝမ်းမြောက်မိပါတယ်" ဟု သူကပြောသည်။